ပန်းတောင်း အောက်တိုဘာ ၂၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလတ်သူသူကျော်နှင့် ဥသျှစ်ပင်မြို့ကျေးလက်ကျန်းမာရေးဌာန ဝန်ထမ်းများက မကူးစက်တတ်သောရောဂါများနှင့်ပတ်သက်၍ ဖြစ်ပွားမှုနှုန်း၊ အန္တရာယ်နှင့် ကာကွယ်ကုသနည်းများကို သိရှိစေရန် ယမန်နေ့နံနက်ပိုင်းက ဥသျှစ်ပင်ကျေးလက်ကျန်းမာရေးဌာနတွင် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလတ်သူသူကျော်က မကူးစက်တတ်သောရောဂါများဖြစ်သော သွေးတိုး၊ ဆီးချို၊ နှလုံး စသည့်ရောဂါများအကြောင်း၊ ရောဂါဖြစ်ပွားရသည့်အဓိကအကြောင်းအရင်းများ၊ နောက်ဆက်တွဲဆိုးကျိုးများ၊ ကာကွယ် ကုသခြင်းလုပ်ငန်းများနှင့်ပက်သက်၍ ရှင်းလင်းဆွေးနွေးအကြံပြုခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလတ်သူသူကျော်နှင့် ဥသျှစ်ပင်မြို့ ကျေးလက်ကျန်းမာရေးဌာန ဝန်ထမ်းများက ဆီးချို၊ သွေးတိုး လူနာ(၄၁)ဦးအား အခမဲ့စမ်းသပ်ကုသပေးခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)