ကျိုက်လတ်မြို့နယ်၌ ပဆင-လှည်းဆိပ်ကျေးရွာချင်းဆက်လမ်း မြေကာတုတ်ရိုက်ခြင်းလုပ်ငန်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်ပြည်ထောင်စု (ပြင်ဆင်ထိန်းသိမ်းခြင်း) ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ပဆင-လှည်းဆိပ်ကျေးရွာချင်းဆက်လမ်း မြေကာတုတ်ရိုက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု မြေပြင် အခြေအနေကို ယမန်နေ့ နေ့လယ်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။