ဧရာဝတီတိုင်းဒေသကြီး

မြောင်းမြမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်များအတွင်း ရေဝင်ရောက်မှုများအား ကူညီဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ယမန်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းမကြီးများနှင့်လမ်းသွယ်များရှိအနိမ့်ပိုင်းများသို့ မိုးရေများစီးဆင်း၍ နေအိမ်ရှေ့ မြောင်းငယ်များတွင်ရေများ ယာယီပြည့်လျှံ၍ အချို့နေအိမ်များ၊ ကျောင်းများအတွင်း ဝင်ရောက်ခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက အဆိုပါနေရာများသို့သွားရောက်၍ ကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

ဖျာပုံမြို့၌  (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ အာဇာနည်ခေါင်ဆောင်ကြီးများကို သတိရပြီး၊မိမိနိုင်ငံ၏ နေ့ထူးနေ့မြတ်များကို သိရှိနိုင်စေရန် ရည်ရွယ်၍ (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်များ ပြသဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ဘိုကလေးမြို့နယ်တွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် အာမခံအလုပ်သမားများအား အခမဲ့ဆေးကုသပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် အာမခံအလုပ်သမားများအား လူမှုဖူလုံရေး နယ်လှည့်ဆေးကုသအဖွဲ့က ယနေ့နံနက် (၉) နာရီအချိန်မှစ၍ ညနေ (၄) နာရီအထိ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ကြသည်။

မြောင်းမြမြို့တွင် ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်း (TOT) ဖွင့်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်း (TOT) ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ရာ ပွဲအခမ်းအနားကို ဇူလိုင်လ (၁၄) ရက်နေ့ နံနက် (၉း၀၀) နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြရွှေဝါခန်းမ၌ ကျင်းပခဲ့သည်။

ငွေဆောင်မြို့၌ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း အမှတ်စဉ် (၄/၂၀၂၆) ဖွင့်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့ရှိ ဟိုတယ်၊မိုတယ်၊ တည်းခိုရိပ်သာများနှင့် စက်သုံးဆီအရောင်းဆိုင်များ မီးဘေးအန္တရာယ်ကင်းဝေးစေရန် ရည်ရွယ်၍ ငွေဆောင်မြို့၊ မီးသတ်ဦးစီးဌာနမှ ဖွင့်လှစ်သင်ကြားပေးမည့် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံ မီးသတ်ပညာသင်တန်းအမှတ်စဥ် (၄/၂၀၂၆) ဖွင့်ပွဲ အခမ်းအနားအား ယမန်နေ့နံနက် (၁၁း၀၀) နာရီက ငွေဆောင်မြို့၊ အမှတ် (၁) ရပ်ကွက်၊ Aureum Palace ဟိုတယ်၌ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး၊ ဒုတိယတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးကိုကိုဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ငွေဆောင်မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

ငွေဆောင်မြို့၌ မီးသတ်တပ်ဖွဲ့ဝင်များအကြို အခြေခံမီးသတ်ပညာသင်တန်း (၄/၂၀၂၆) ဖွင့်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့ရှိ ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများနှင့် စက်သုံးဆီအရောင်းဆိုင်များ မီးဘေးအန္တရာယ်ကင်းဝေးစေရန်ရည်ရွယ်၍ ငွေဆောင်မြို့၊ မီးသတ်ဦးစီးဌာနမှ ဖွင့်လှစ်သင်ကြားပေးမည့် မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာ သင်တန်း (၄/၂၀၂၆) ဖွင့်ပွဲအခမ်းအနားအား ယမန်နေ့နံနက် (၁၁း၀၀) နာရီက ငွေဆောင်မြို့၊ အမှတ် (၁) ရပ်ကွက်၊ Aureum Palace ဟိုတယ်၌ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး၊ ဒုတိယတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးကိုကိုဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ငွေဆောင်မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

အိမ်မဲမြို့တွင် သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကို ယနေ့မွန်းလွဲ (၁) နာရီအချိန်က ကျင်းပခဲ့သည်။

ဝါးခယ်မမြို့နယ်နှင့် ကျုံမ​ငေးမြို့တို့၌ အ​ခြေခံစားသုံးကုန်ပစ္စည်းများ​ကို စျေးနှုန်းချိုသာစွာ​ဆက်လက်ရောင်းချ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်နှင့် ကျုံမ​ငေးမြို့၌ ယနေ့​နံနက် (၀၇:၃၀) နာရီအချိန်က ​ဝါးခယ်မမြို့စျေးရပ်ကွက်၊ ဘုရားလမ်းရှိ ဆန်စက်လုပ်ငန်းရှင်များအသင်းရုံး​ရှေ့နှင့် ကျုံမ​ငေးမြို့၊ သီရိ​ဟေမာရပ်ကွက်၊ စည်ပင်ရုံး​ရှေ့၌ အ​ခြေခံစားသုံးကုန်ပစ္စည်းများဖြစ်​သော ဆန်၊ ဆီ၊ ကြက်ဥများအား ​​စျေးနှန်းချိုသာစွာဖြင့် ဆက်လက်ရောင်းချ​ပေးခဲ့​ကြောင်း သိရသည်။

သာပေါင်းမြို့နယ်တွင် အပတ်စဉ်တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်မသုံးစွဲရနေ့အဖြစ် သတ်မှတ်ထားမှုအား ပြည်သူများ လိက်နာဆောင်ရွက်မှုရှိ‌ရေး စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ ပြည်သူများ ပလတ်စတစ်သုံးစွဲမှု လျော့နည်းစေရေးအတွက် အပတ်စဥ် တနင်္ဂနွေနေ့တိုင်းပလတ်စတစ်အိတ် သုံးစွဲမှုမရှိစေရေးနှင့် အစားထိုးသုံးစွဲလိုက်နာဆောင်ရွက်မှုရှိစေရေး အသိပညာပေး စိစစ်ကြပ်မတ်စစ်ဆေးခြင်းကို ဇူလိုင်လ ၁၂ ရက်နေ့၊ နံနက် ၇ နာရီခွဲ အချိန်က မြို့စည်ပင်သာယာရေးအဖွဲ့ပိုင် သီရိရွှေသာစျေးအတွင်း ဆောင်ရွက်ကြသည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး