မြောင်းမြ ဇူလိုင် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ (၁၃) ရက်နေ့နံနက် (၈း၀၀) နာရီအချိန်က မြို့မ အားကစားကွင်း၊ နောင်ရိုးခန်းမ (၂) ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြောင်းမြမြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဦးအောင်ကိုကိုက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ စစ်ကြောင်းမှူး၏ ဦးဆောင်မှုဖြင့် အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန် (၄) ချက်အားရွတ်ဆိုခဲ့ပြီး ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့သည်။
ယနေ့အဖွင့်ပွဲစဉ်အဖြင့် မရမ်းကုန်းအသင်းနှင့် မုဆိုးကွင်း၊ ဘုရားငုတ္တိုအသင်းတို့ ယှဉ်ပြိုင်ကြရာ မုဆိုးကွင်း၊ ဘုရားငုတ္တိုအသင်းက အနိုင်ရရှိခဲ့ကြောင်း သိရသည်။
ဇေယျာ(ပြန်/ဆက်)