ဒေးဒရဲ ဇူလိုင် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ ကျောင်းသင်ခန်း စာအပြင်စာပေဗဟုသုတ ပြည့်စုံနိုင်စေရန်နှင့် မိမိနိုင်ငံ၏ နေ့ထူးနေ့မြတ်များကို သိရှိနိုင်စေရန် ရည်ရွယ်၍ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက်(၁၁)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ကျောင်းသား၊ ကျောင်းသူများ ပြင်ပဗဟုသုတများတိုးပွားစေရေး၊ စာကြည့်တိုက်များနှင့်ရင်းနှီးကျွမ်းဝင် မှုရရှိစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်နိုင်စေရေး အသိပညာပေး ဟောပြောပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်မိုးသီတာအောင်က အာဇာနည်နေ့ဖြစ်ပေါ်လာပုံနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိ အား ဟောပြောခဲ့သည်။ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများ စာပေလေ့လာ ဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရေး စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ် ဆိုပြိုင်ပွဲများကျင်းပပြုလုပ်ခဲ့ရာ အခြေခံပညာမူလတန်းကျောင်းများက ကျောင်းသား၊ ကျောင်းသူလေးများက ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကိုတာဝန်ရှိသူများက ဆုများပေးအပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားအပြီးတွင် တက်ရောက်လာသူများက မြို့နယ်ရုံးက ခင်းကျင်းပြသထားသော သုတ၊ ရသ စာအုပ်စာစောင်များနှင့် (၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာ စောင်များအား လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။
အေဇာလင်း