ဘိုကလေးမြို့နယ်တွင် မိုးသည်းထန်းစွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များပြိုလဲ

ဘိုကလေး ဇူလိုင် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြိုနယ်တွင် ဇူလိုင် (၁၂) ရက်နေ့တွင် မိုးသည်းထန်းစွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းတို့ကြောင့် ဘိုကလေးမြို့နယ်ရှိ နေရာအသီးသီး၊ ရပ်ကွက်အသီးသီးတို့တွင် သစ်ပင်များလဲကျ၍ လူသွားလမ်းများ ပိတ်ဆို့ခြင်း၊ လူနေအိမ်ပေါ်ပိခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။

ဇူလိုင်(၁၂)ရက် ညနေ ရက် (၃) နာရီ (၄၅)မိနစ်အချိန်တွင် မိုးသည်းလေထန်မှုကြောင့် ဘိုကလေးမြို့၊ အမှတ်(၁)ရပ်ကွက်၊ နောက်တိုးချဲ့လမ်းတွင် အလျား(၂၀)ပေ၊ လုံးပတ် (၈)ပေခန့်ရှိ ကုက္ကိုလ်ပင်မှာ အမြစ်လန်၍ လူနေ(၃)ခန်းတွဲ သွပ်မိုး၊ သွပ်ကာ၊ အုတ်ခင်း အဆောက် အဦးပေါ်သို့ ပြိုကျပျက်စီးမှု ဖြစ်ပေါ်ခဲ့သည်။

သစ်ပင်များပြိုလဲမှုကြောင့် လူနှင့်တိရိစ္ဆာန် တစ်စုံတစ်ရာ ထိခိုက်ပျက်စီးမှုမရှိပါကြောင်း၊ မိုးသည်းလေထန်မှုကြောင့် ပြိုလဲ၍လမ်းပိတ်ဆို့နေသောသစ်ပင်များ၊ အိမ်ပေါ်ပိကျသည့် သစ်ပင်များအား မြို့နယ်မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ စည်ပင် သာယာရေးအဖွဲ့၊ သစ်တောဦးစီးဌာန၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်း၍ အချိန်နှင့်တပြေးညီ ရှင်းလင်းဖယ်ရှားပေးခဲ့ကြောင်း၊ သစ်ပင်ပိ၍ ပြိုလဲပျက်စီးသည့် အိမ်ထောင်စုဝင်များကိုလည်း ကူညီထောက်ပံ့နိုင်ရေး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

မိုးစက်