ငပုတော ဇူလိုင် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ မြို့နယ်အတွင်း ရောင်းချလျက်ရှိသော စားအုန်းဆီအရောင်းဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့်ရောင်းချခြင်း၊ အချိန်အတွယ်မှန်ကန်စွာ ရောင်းချခြင်း ရှိ၊ မရှိ ယနေ့နံနက် ၉ နာရီခွဲအချိန်က ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်အတွင်းရှိ ခွဲတမ်းရစားအုန်းဆီအရောင်းဆိုင်များ၊ရည်ညွှန်းဈေးဖြင့် ရောင်းချမှု ရှိ၊ မရှိနှင့် သတ်မှတ်အရေအတွက်အတိုင်းရောင်းချမှုရှိ၊မရှိလိုက်လံစစ်ဆေးခြင်းတို့ကိုစားသုံးသူဝယ်ယူသုံးစွဲသူများအား စားအုန်းဆီဝယ်ယူရာတွင် အခက်အခဲရှိ၊ မရှိတို့အား ဝယ်ယူသုံးစွဲသူများအား ပူးပေါင်းအဖွဲ့က တိုက်ရိုက်မေးမြန်းခြင်း၊ ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချခြင်းမရှိပါက သတ်မှတ်ပြဋ္ဌာန်း နည်းဥပဒေ၊ ဥပဒေတို့နှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)