ငပုတော ဇူလိုင် ၁၃
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ငပုတော မြို့နယ်ရုံး Community Centre ခန်းမတွင်ဇူလိုင်လ(၁၉)ရက်နေ့၌ကျရောက်မည့် (၇၉)နှစ်မြောက်အာဇာနည်နေ့ကိုကြိုဆိုဂုဏ်ပြုသော အားဖြင့်လည်းကောင်း၊ မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူလေးများ အာဇာနည် ခေါင်းဆောင်ကြီးများ၏ ကျေးဇူးတရားနှင့် သမိုင်းကြောင်းကို မမေ့လျော့စေရန် အတွက်လည်းကောင်း ရည်ရွယ်၍ ကျောင်းသား/ကျောင်းသူများ၏ ပန်းချီပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိက အာဇာနည်နေ့ ပေါ်ပေါက်လာပုံ သမိုင်းကြောင်း၊ ယနေ့လူငယ်များ အာဇာနည်စိတ်ဓာတ် မွေးမြူကြရန် လိုအပ်ပုံများနှင့် ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပန်းချီပြိုင်ပွဲကို ဆက်လက်ကျင်းပရာ အခြေခံပညာကျောင်းများမှ [မူလတန်း/ အလယ်တန်း] အဆင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၅) ဦးတို့က မိမိတို့၏ စိတ်ကူးစိတ်သန်းကောင်းများဖြင့် “အာဇာနည်နေ့ တို့မမေ့” ခေါင်းစဉ်ဖြင့် စိတ်အားထက်သန်စွာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)