ဇလွန် ဇူလိုင် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင်၂၀၂၆ ခုနှစ်၊ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက် (၂၂) နှစ်အောက် ရပ်ကွက်/တိုက်နယ် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီတွင် မြို့နယ် ပြည်သူ့အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အသက်(၂၂)နှစ်အောက် ရပ်ကွက်/တိုက်နယ် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားတွင် ရေလဲတိုက်နယ်တိုက်နယ်ဘောလုံးအသင်းနှင့် ကော့ကပ်တိုက်နယ် ဘောလုံးအသင်းတို့ ယှဥ်ပြိုင်ကစားကြရာ ရေလဲတိုက်နယ်တိုက်နယ်ဘောလုံးအသင်းက အနိုင်ရရှိခဲ့သည်။
ယင်းနောက်ဆုပေးပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့်တာဝန်ရှိသူများက တတိယဆုရရှိသော သာဓုချောင်း တိုက်နယ်ဘောလုံးအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများ၊ ဒုတိယ ဆုရရှိသော ကော့ကပ်တိုက်နယ်ဘောလုံးအသင်းအား တစ်ဦးချင်းဆုတံဆိပ် ငွေသားဆုများ၊ ပထမဆုရရှိသော ရေလဲတိုက်နယ်ဘောလုံးအသင်းအား တစ်ဦးချင်းဆုတံဆိပ် ငွေသားဆုနှင့် တံခွန်စိုက်စု ဖလားတို့အား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဝေယံ - ဇလွန် (ပြန်/ဆက်)