ပျော်ဘွယ်မြို့နယ်၌ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များအပေါ် သစ်ပင်များလဲကျခြင်း၊ အမိုးများလန်ထွက်ခြင်းတို့ကြောင့် ပျက်စီးခဲ့
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ပျော်ဘွယ်မြို့နယ်အတွင်း ဧပြီ ၂၈ ရက် ညနေ ၃ နာရီခွဲခန့်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် မြို့ပေါ်ရပ်ကွက်အချို့နှင့် ကျေးရွာအချို့တို့တွင် နေအိမ်များအပေါ် သစ်ပင်များလဲကျခြင်း၊ အမိုးများ လန်ခြင်း၊ စာသင်ဆောင် တစ်ဆောင်အမိုးလန် ပျက်စီးခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။