မြင်းခြံ ဧပြီ ၂၈
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာများ တွေ့ဆုံပွဲ၍ လွှတ်တော်ဆိုင်ရာအတွေ့အကြုံများ ရှင်းလင်းခြင်းကို ဧပြီ ၂၇ ရက် နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွဋ်က အဖွင့်အမှာ စကားပြောကြားသည်။ ယင်းနောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကြည်၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးမန်းမြင့်နှင့် ဦးပြည့်ဖြိုးကျော်တို့က မိတ်ဆက်အမှာစကား ပြောကြား၍ တတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာ အတွေ့အကြုံများကို ပြန်လည်ရှင်းလင်းခဲ့ကြသည်။ ဆက်လက်၍ တက်ရောက်လာသည့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက မိတ်ဆက်၍ ဌာနအလိုက် လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ ကြသည်။
အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကြည်၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးမန်းမြင့်နှင့် ဦးပြည့်ဖြိုးကျော်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွဋ်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာ များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ချစ်ဦးနွေ(မြင်းခြံ)