ချမ်းမြသာစည် ဧပြီ ၂၇
သတ်မှတ်စစ်မှုထမ်းကာလပြည့်မြောက်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းအမှတ်စဥ် (၁/၂၀၂၄) ပြည်သူ့စစ်မှုထမ်းများအား ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းသန်းနှင့် ရပ်မိရပ်ဖများက ကြိုုဆိုဂုဏ်ပြုပွဲကို ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်ရှိ ကန်သာယာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပပြုလုပ်သည်။
ပြည်သူ့စစ်မှုထမ်းဥပဒေအရ ပြည်သူ့စစ်မှုထမ်းအမှတ်စဥ် (၁/၂၀၂၄)တွင် မိမိဆန္ဒအလျောက်စိတ်အား ထက်သန်စွာ ပါဝင်စာရင်းပေးပြီး စွမ်းစွမ်းတမံတာဝန်ထမ်းဆောင်၍ သတ်မှတ်စစ်မှုထမ်းကာလ ပြည့်မြောက်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းအမှတ်စဥ် (၁/၂၀၂၄) ပြည်သူ့စစ်မှုထမ်းများကို ကန်သာယာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းသန်းနှင့်ရပ်မိရပ်ဖများ၊ ရပ်ကွက်ရှိလူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက အောင်သပြေခက်၊ အဆို၊ အကတို့ဖြင့် ကြိုဆိုဂုဏ်ပြုခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြန်လည်ရောက်ရှိလာသော ပြည်သူစစ်မှုထမ်း(၂)ဦးအား တစ်ဦးလျှင် ၅ သိန်းကျပ် ပေးအပ်ချီးမြှင့်ဂုဏ်ပြုခဲ့ကြောင်း သိရသည်။
အလင်းသစ် (ချမ်း/စည် ပြန်/ဆက်)