ညောင်ဦး ဧပြီ ၂၈
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းများပေးအပ်ပွဲကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဧပြီ ၂၇ ရက်နံနက် ၉ နာရီခွဲတွင်ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်မင်းညိုက အမှာစကားပြောကြားပြီး ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာန အတွင်းရေးမှူး ဦးစံထွေးမောင်က ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်(ကဏ္ဍအလိုက်)ဒေသန္တရစီမံကိန်း ရည်မှန်းချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ပြီးနောက် ညောင်ဦးခရိုင် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များအား လယ်ယာကဏ္ဍ၊ သားငါးကဏ္ဍ၊ လျှပ်စစ်ဓာတ်အားကဏ္ဍ၊ ရှေးဟောင်းသုတေသနကဏ္ဍ၊ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲမှုကဏ္ဍ၊(ဆည်မြောင်း)၊ (ရေအရင်းအ မြစ်)၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး၊ လမ်းဦးစီး၊ အခြေ ခံပညာ၊ပြည်သူ့ကျန်းမာရေး၊ ကုသရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာကဏ္ဍာများအတွက် ပေးအပ်ရာ ညောင်ဦးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်၊ကျောက်ပန်းတောင်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းလွင်၊ခရိုင်/မြို့နယ် သက်ဆိုင်ရာဌာနဆိုင်ရာများက လက်ခံရယူကြကြောင်းသိရပြီး ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်မင်းညိုက နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားသို့ ညောင်ဦးမြို့၊ကျောက်ပန်းတောင်းမြို့ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်များ၊အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်များနှင့်ခရိုင်/မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်းသိရသည်။
ဒီပါလင်း