မန္တလေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးလှကြွယ် ချမ်းမြသာစည်မြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်များ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံ

ချမ်းမြသာစည်  ဧပြီ  ၂၈

 မန္တလေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးလှကြွယ်သည် လွှတ်တော်ကိုယ်စားလှယ်များ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့မွန်းလွှဲပိုင်းက ချမ်းမြသာစည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တွေ့ဆုံပွဲတွင် မန္တလေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက အဖွင့်အမှာ​စကားပြောကြားခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်ဇော်ဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ဌာနအလိုက် ရက် (၁၀၀)အတွင်း လုပ်ငန်းဆောင်ရွက်မည့်အခြေအနေများနှင့် ဆောင်ရွက်ဆဲလုပ်ငန်းများအား တင်ပြပြီး တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များက တစ်ဦးချင်းမိတ်ဆက်ခဲ့သည်။ ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုဦးက လွှတ်တော်မဲရွေး ချယ်မှုနှင့် လွှတ်တော်အတွေ့အကြုံများကို ရှင်းလင်းပြောကြားပြီး လူမှုရေးရာဝန်ကြီးက ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ဒေသခံပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသဆိုင်ရာအုပ်ချုပ်ရေး တာဝန်ရှိသူများနှင့် သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ ညှိနှိုင်းတိုင်ပင်ပြီး အောင်မြင်စွာဆောင်ရွက်နိုင်ရေး နိဂုံချုပ်အမှာစကားပြောကြားကြောင်း သိရသည်။

အလင်းသစ် (ချမ်း/စည် ပြန်/ဆက်)