မိတ္ထီလာမြို့နယ်၌ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF) စီမံကိန်း အဆိုပြုလွှာရေးသွင်းနည်းနှင့် ငွေစာရင်း ထိန်းသိမ်းနည်းသင်တန်းဖွင့်
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်း လုပ်ငန်း (RBF) စီမံကိန်း အဆိုပြုလွှာရေးသွင်းနည်းနှင့် ငွေစာရင်း ထိန်းသိမ်းနည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ဧပြီ ၂၇ ရက် နံနက်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။