ရန်ကုန်တိုင်းဒေသကြီး

သန်လျင်၌လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက သန်လျင်မြို့နယ် လက်ယက်စမ်းကျေးရွာအုပ်စု ပျဉ်ထောင်ကျောင်းကျေးရွာ အခြေခံ ပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအဖွဲ့ဝင်များနှင့် တွေ့ဆုံ

ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ   ဦးခင်‌မောင်ကျော်နှင့်အဖွဲ့ဝင်များသည် မဲစာရင်းမှန်ကန်‌ရေးနှင့် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက်  မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ရွေးကောက်ပွဲကော်ရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက  တွေ့ဆုံကြောင်း သိရသည်။

ထန်းတပင်မြို့နယ်တွင် မိုးစပါးစံကွက်ရိတ်သိမ်းပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ရေပေါ်သောင်ကျေးရွာအုပ်စု၊ ရေပေါ်သောင်ကျေးရွာတွင် တောင်သူများစိုက်ပျိုးထားသည့် ဆင်းသုခမျိုးစပါးစိုက်ခင်းအား စပါးအထွက်နှုန်းများသိရှိစေရန်အတွက် အောက်တိုဘာလ (၁၆)ရက်နေ့က စံကွက်ရိတ်သိမ်းခဲ့ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု  လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်  မြို့နယ်ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ‌ဦးစီးဌာနပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ပြင်ပစာပေ ဗဟုသုတများဖတ်ရှုပြီး အသိပညာဗဟုသုတ တိုးပွားစေရေးရည်ရွယ်ကာ  စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု  လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို အောက်တိုဘာ  ၁၉ ရက်နေ့နံနက်  ၁၀ နာရီ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ခန်းမတွင်ကျင်းပပြုလုပ်ခဲ့ သည်။

ခရမ်းမြို့ အ.ထ.က ကွမ်းမိုးဒိန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနား လူငယ်ရေးရာဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနား လူငယ်ရေးရာဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများနှင့် ဂိမ်းကစားပြိုင်ပွဲများကို အောက်တိုဘာ ၁၇ ရက်နေ့ နံနက်(၁ဝ)နာရီက ခရမ်းမြို့ အ.ထ.က ကွမ်းမိုးဒိန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

၂၀၂၅ ခုနှစ်၊ ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ၊ အားကစားပြိုင်ပွဲ၊ ရန်ကုန်ဇုန်(၂) အမျိုးသား ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာနမှကြီးမှူး၍ ၂၀၂၅ ခုနှစ်၊ ပညာရေးဒီဂရီ ကောလိပ်ပေါင်းစုံ၊ အားကစားပြိုင်ပွဲ၊ ရန်ကုန်ဇုန်(၂) အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းတွင် ကျင်းပရာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

ကော့မှူးတွင် နှစ်ကျိပ်ရှစ်ဆူလှည့်လည်ပူဇော်ခံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် မြို့နယ်အတွင်းနှစ်ကျိပ်ရှစ်ဆူ လှည့်လည်ပူဇော်ခံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်က ပြည်တော်သာရပ်ကွက် ဇောတိကဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့အစိုးရအဖွဲ့ဝင်၊ ပြည်ပဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ H.E. Mr.Evgeny Grigoryev ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်မြို့မှ ပြန်လည်ထွက်ခွာ

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့အစိုးရအဖွဲ့ဝင်၊ ပြည်ပဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ H.E.Mr. Evgeny Grigoryev ဦးဆောင်သည့်ကိုယ်စားလှယ် အဖွဲ့သည်ယနေ့ ညပိုင်းတွင်ရန်ကုန်မြို့မှ လေကြောင်းခရီးစဉ်ဖြင့် ပြန်လည်ထွက်ခွာရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်း သံအမတ်ကြီး H.E. Mr. lskander Azizov ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျုဟာလေ့လာရေးနှင့် လေ့ကျင်ရေးဦးစီးဌာန၊ ညွှန့်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ တိုင်းရင်းသား၊ တိုင်းရင်းသူများက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ပို့ဆောင်နှုတ် ဆက်ကြသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ကျော်စိုးသည် ယနေ့မွန်းလွဲ ၂ နာရီခွဲက ပန်းဘဲတန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးနှင့် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအဖွဲ့ဝင်များနှင့်တွေ့ဆုံ

ရန်ကုန်တိုင်းဒေသကြီး၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးခင်‌မောင်ကျော်နှင့်အဖွဲ့ဝင်များသည် မဲစာရင်းမှန်ကန်‌ရေးနှင့်လိုအပ်သည်များ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအား ဗိုလ်တထောင်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌရုံးခန်းတွင် ယမန်နေ့ညနေ ၃ နာရီအချိန်က တွေ့ဆုံကြောင်း သိရသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး