ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့အစိုးရအဖွဲ့ဝင်၊ ပြည်ပဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ H.E. Mr.Evgeny Grigoryev ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်မြို့မှ ပြန်လည်ထွက်ခွာ

ရန်ကုန် အောက်တိုဘာ ၁၉

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့အစိုးရအဖွဲ့ဝင်၊ ပြည်ပဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ H.E.Mr. Evgeny Grigoryev ဦးဆောင်သည့်ကိုယ်စားလှယ် အဖွဲ့သည်ယနေ့ ညပိုင်းတွင်ရန်ကုန်မြို့မှ လေကြောင်းခရီးစဉ်ဖြင့် ပြန်လည်ထွက်ခွာရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်း သံအမတ်ကြီး H.E. Mr. lskander Azizov ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျုဟာလေ့လာရေးနှင့် လေ့ကျင်ရေးဦးစီးဌာန၊ ညွှန့်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ တိုင်းရင်းသား၊ တိုင်းရင်းသူများက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ပို့ဆောင်နှုတ် ဆက်ကြသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မထွက်ခွာမှီရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းသည် လေဆိပ်ဧည့်ခန်းမ၌ စိန့်ပီတာစဘတ်မြို့အစိုးရအဖွဲ့ဝင်၊ ပြည်ပဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ H.E. Mr.Evgeny Grigoryev အားမြန်မာနိုင်ငံသို့ ရောက်ရှိနေစဥ်အတွင်း ဆောင်ရွက်ခဲ့သည့်ခရီးစဥ် မှတ်တမ်းဓာတ်ပုံ အယ်လ်ဘမ်နှင့်ဗီဒီယို CD ချပ်တို့ကိုပေး အပ်ခဲ့ကြောင်းသတင်းရရှိသည်။

အောင်မြင့်(ပြန်/ဆက်)