ရန်ကုန်တိုင်းဒေသကြီး

သာကေတလူငယ်စင်တာ၌ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၅)၊(၂/၂၀၂၅)၊ (၃/၂၀၂၅)၊ (၄/၂၀၂၅)၊ (၅/၂၀၂၅)နှင့် (၆/၂၀၂၅)တို့၏ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ လူငယ်ရေးရာကော်မတီ၏ ဦးဆောင်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာ အထောက်အကူပြုလုပ်ငန်းကော်မတီနှင့် သာကေတမြို့နယ် ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၅)၊ (၂/၂၀၂၅)၊ (၃/၂၀၂၅)၊ (၄/၂၀၂၅)၊ (၅/၂၀၂၅)နှင့် (၆/၂၀၂၅)တို့၏ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက သာကေတမြို့နယ် လူငယ်စင်တာတွင် ကျင်းပသည်။

ရန်ကင်းမြို့နယ်၌မဲစာရင်းမှန်ကန်မှုရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင် ရန်ကင်းမြို့နယ်တွင် ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက်  မဲစာရင်းမှန်ကန်မှုရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် မဲဆန္ဒရှင်အမည်စာရင်းများအား ပြည်သူများလာရောက်ကြည့်ရှု

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ငမိုးရိပ်ရပ်ကွက်အတွင်းရှိ ရပ်ကွက်နေပြည်သူများ မိမိတို့၏ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေဖို့ ဆန္ဒမဲပေးနိုင်ရန်အတွက် မဲစာရင်းများကို ရပ်ကွက်များအလိုက် ပထမအကြိမ်ကြေညာထားရှိပြီး မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲစာရင်းတွင် မိမိအမည်စာရင်းပါ/မပါ၊မဲစာရင်းပါအချက်အလက်များ မှားယွင်းမှုရှိ/မရှိကို သက်ဆိုင်ရာရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများတွင်  အောက်တိုဘာ ၂၀ ရက်အထိ ကပ်ထားကြေညာလျက်ရှိရာ မဲစာရင်းများလာရောက်ကြည့်ရှုလျက်ရှိသည်။

ပုဇွန်တောင်မြို့နယ် အမှတ်(၉)ရပ်ကွက်တွင် ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက် 

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင် ပုဇွန်တောင်မြို့နယ်တွင်  မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၏ စီမံကြီးကြပ်မှုဖြင့် မြို့နယ်သန့်ရှင်းသာယာသပ်ရပ်ရေးနှင့်ရေစီးရေလာကောင်းမွန်ရေးအတွက် နေ့စဉ်အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အမှတ်(၉) ရပ်ကွက်၊ ဝတ်ကျောင်းလမ်းနှင့် ရေကျော်လမ်း‌ထောင့်ရှိ ရေမြောင်းများရေစီးရေလာကောင်းမွန်စေရေး သန့်ရှင်း​ရေးလုပ်ငန်းများ ဆောင်ရွက်သည်။

သန်လျင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း အသိပေးကြေညာ

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများ၏ အမည်စာရင်းများကို ယနေ့နံနက်ပိုင်းက စတင်ပြီး သန်လျင်မြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကြေညာထားရှိသည်။

ခရမ်းမြို့နယ် ဉာဏ်ကျွန်း-အောင်သာယာတဲတန်း-ကန်ညီနောင် ဆက်သွယ်ရေးလမ်း ကွန်ကရစ်ခင်း

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ခရမ်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဉာဏ်ကျွန်း-အောင်သာယာတဲတန်း-ကန်ညီနောင် ဆက်သွယ်ရေးလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း အောက်တိုဘာ ၂၀ ရက် နံနက်ပိုင်းက ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)နှင့်အဖွဲ့ဝင်များ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

သမိုင်းဝင်ရွှေဘုန်းပွင့် စေတီတော်မြတ်ကြီးတွင် တန်ဆောင်မုန်းလပြည့်နေ့၌ ရွှေကြာသင်္ကန်း ကပ်လှူပူဇော်မည်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ အမှတ်(၇)ရပ်ကွက်တွင် တည်ထားကိုးကွယ်တော်မူသော သမိုင်းဝင်ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး၌ ပဉ္စမအကြိမ် ရွှေကြာသင်္ကန်း ဆက်ကပ်ပူဇော်ပွဲကို တန်ဆောင်မုန်းလပြည့်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

တွံတေးမြို့နယ်တွင် လွှတ်တော်အသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများ ကပ်ထားကြေညာရာပြည်သူများ စိတ်ပါဝင်စားစွာကြည့်ရှု

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ(၂၈)ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်အသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့က စိစစ်ရွေးချယ်ခဲ့ပြီး ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်ရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးနှင့် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ၌ မြို့နယ်အတွင်းရှိ ပြည်သူများ သိရှိလေ့လာနိုင်စေရန် ကပ်ထားကြေညာ ပေးလျက်ရှိကြောင်း သိရသည်။

တွံတေးမြို့နယ်တွင် မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲနှင့် နှစ်ကျိပ်ရှစ်ဆူလှည့်လည် ပူဇော်ခံနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ရှေးဟောင်းသမိုင်းဝင်ရွှေဆံတော် စေတီတော်မြတ်ကြီးတွင် နှစ်စဥ်ကျင်းပမြဲဖြစ်သော မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲနှင့် မြို့တွင်း နှစ်ကျိပ်ရှစ်ဆူ လှည့်လည်ပူဇော်ခံနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေလယ် ၂ နာရီအချိန်က ရွှေဆံတော်စေတီရှိ ဘဏ္ဍာတော်ထိန်းဂေါပကရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် အခြေခံပညာနှင့် စက်မှု၊စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(သုဝဏ္ဏ)တွင် ယနေ့ နေ့လယ်ပိုင်းက ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက် သည့် ကျောင်းစာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ဂိမ်းကစားခြင်းပြိုင်ပွဲတို့အား အဆိုပါ ကျောင်း သီရိသုဝဏ္ဏပညာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး