ကော့မှူးတွင် နှစ်ကျိပ်ရှစ်ဆူလှည့်လည်ပူဇော်ခံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကော့မှူး အောက်တိုဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် မြို့နယ်အတွင်းနှစ်ကျိပ်ရှစ်ဆူ လှည့်လည်ပူဇော်ခံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်က ပြည်တော်သာရပ်ကွက် ဇောတိကဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာတက်ရောက်လာသူများက နမောတဿသုံးကြိမ်ရွတ်ဆိုပူဇော်၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး နာယကဦးဝင်းကြိုင်က အဖွင့်အမှာစကားပြောကြားပြီး ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ ဦးဝင်းထွန်းနိုင်က မြို့နယ်အနေဖြင့် မြို့နယ်လုံးဆိုင်ရာနှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓမြတ်စွာဘုရားများ ဒေသစာရီကြွချီပူဇော်ပွဲကို စည်းကားသိုက်မြိုက်စွာကျင်းပဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများနှင့် ဝတ်အသင်းအဖွဲ့များအနေဖြင့် ကျရာကဏ္ဍမှ တိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန်၊ မြို့အတွင်းသို့ လှည့်လည်အပူဇော်ခံရာတွင် ကြည်ညိုဖွယ်ဖြစ်အောင် စနစ်တကျပြင်ဆင်ဆောင်ရွက် ရန်လိုကြောင်း၊ ဦးစီးကော်မတီ၊ ဆပ်ကော်မတီများအနေဖြင့်လည်း ကျရာကဏ္ဍများအလိုက် လစ်ဟာမှု မရှိစေရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားခဲ့သည်။

ထို့နောက်တက်ရောက်လာသူများက လုပ်ငန်းစဉ်များအားအသီသီးဆွေးနွေးခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ပြီးမြောက်ခဲ့ကြောင်း သိရသည်။

ကျော်သူရ