ခရမ်းမြို့ အ.ထ.က ကွမ်းမိုးဒိန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနား လူငယ်ရေးရာဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပ

ခရမ်း အောက်တိုဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနား လူငယ်ရေးရာဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများနှင့် ဂိမ်းကစားပြိုင်ပွဲများကို အောက်တိုဘာ ၁၇ ရက်နေ့ နံနက်(၁ဝ)နာရီက ခရမ်းမြို့ အ.ထ.က ကွမ်းမိုးဒိန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် အ.ထ.က ကွမ်းမိုးဒိန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး‌ဒေါ်ဖြူဖြူမြင့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေက စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနား ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားခဲ့ပြီး လူငယ်နှင့်စာဖတ်ခြင်း၏အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။

ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင်က လူငယ်နှင့်စားသုံးသူဆိုင်ရာအခွင့်ရေးနှင့်တာဝန်များအကြောင်းကို ဟောပြောခဲ့သည်။

ထို့နောက် ကဗျာရွတ်ဆိုပြောပြိုင်ပွဲ၊ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့်ဂိမ်းကစားပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ ကျောင်းသား၊ ကျောင်းသူလေးများက ၀င်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသူများအား တာ၀န်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ/ရသ စာအုပ်/စာစောင်များကို တက်ရောက်လာသော ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်က‌လေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများမှ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ခရမ်း (ပြန်/ဆက်)