ရန်ကုန် အောက်တိုဘာ ၁၉
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာနမှကြီးမှူး၍ ၂၀၂၅ ခုနှစ်၊ ပညာရေးဒီဂရီ ကောလိပ်ပေါင်းစုံ၊ အားကစားပြိုင်ပွဲ၊ ရန်ကုန်ဇုန်(၂) အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းတွင်ကျင်းပရာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
ဦးစွာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ပရိတ်သတ်များနှင့် တာဝန်ရှိသူများက ၂၀၂၅ ခုနှစ်၊ ပညာရေးဒီဂရီ ကောလိပ်ပေါင်းစုံ၊ အားကစားပြိုင်ပွဲ၊ ရန်ကုန်ဇုန်(၂) အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် (ဘားအံ)ပညာရေး ဒီဂရီကောလိပ်အသင်းနှင့် (ရန်ကင်း)ပညာရေးဒီဂရီကောလိပ်အသင်းတို့၏ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးသည်။
ထို့နောက် ဆုချီးမြှင့်ပွဲ အခမ်းအနားအား ကျင်းပရာ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ဂိုးသမားဆုကို (ရန်ကင်း) ပညာရေးဒီဂရီကောလိပ်အသင်းမှ ကျော်နံပတ်(၁) ဇွဲကောင်းထက်၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး နောက်တန်းဆုကို (ဘားအံ)ပညာရေးဒီဂရီကောလိပ်အသင်းမှ ကျောနံပတ်(၁၅) စောအဲ့သာထိန်း၊ ပွဲစဉ် တစ်လျှောက် အကောင်းဆုံး အလယ်တန်းဆုကို (ရန်ကင်း) ပညာရေး ဒီဂရီ ကောလိပ်အသင်းမှ ကျောနံပတ်(၈) အောင်ထက်လင်း၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ရှေ့တန်း ဆုကို (ဘားအံ)ပညာရေးဒီဂရီကောလိပ်အသင်းမှ ကျောနံပတ်(၇) စောတူးတူးဘီ၊ ပွဲစဉ် တစ်လျှောက် အကောင်းဆုံးဆုကို (ရန်ကင်း) ပညာရေးဒီဂရီကောလိပ်အသင်းမှ ကျောနံတပ်(၇) စွမ်းထက်မင်း၊ တတိယဆုရရှိသည့် (တောင်ငူ) ပညာရေးဒီဂရီကောလိပ်အသင်းနှင့် ဒုတိယဆု ရရှိသည့် (ဘားအံ)ပညာရေးဒီဂရီကောလိပ်အသင်းတို့အား ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများက တစ်ဦးချင်း ဆုတံ ဆိပ်များနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီး ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ပထမဆုရရှိသည့် (ရန်ကင်း) ပညာရေးဒီဂရီကောလိပ်အသင်းကို တစ်ဦးချင်း ဆုတံဆိပ်များနှင့် ဂုဏ်ပြုချီးမြှင့်ငွေများအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက လည်းကောင်း၊ တံခွန်စိုက်ဆုဖလားအား ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန်က လည်းကောင်း အသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)