သန်လျင်၌လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန် အောက်တိုဘာ ၁၉

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက သန်လျင်မြို့နယ် လက်ယက်စမ်းကျေးရွာအုပ်စု ပျဉ်ထောင်ကျောင်းကျေးရွာ အခြေခံ ပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဦးလင်းလင်းထွန်းက “လူငယ်နှင့်အားကစား”ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးဟောပြောသည်။ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများအား ဉာဏ်စမ်းပဟေဠိပြိုင်ပွဲပြုလုပ်၍ ဆုရရှိသူများအား အမှတ်တရဂုဏ်ပြုလက်ဆောင်များအား တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် မြို့နယ်အားကစားအရာရှိ ဦးလင်းလင်းထွန်းက အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီသီမွန်ကလက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ