ရန်ကုန်တိုင်းဒေသကြီး

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း မြန်မာနိုင်ငံမှ I.S.P.E FC အမျိုးသမီးဘောလုံး အသင်းနှင့် တောင်ကိုရီယားနိုင်ငံမှ SUWON FC  အမျိုးသမီးဘောလုံးအသင်းတို့၏ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေး

မြန်မာနိုင်ငံမှ I.S.P.E FC အမျိုးသမီးဘောလုံးအသင်းနှင့် တောင်ကိုရီယားနိုင်ငံမှ SUWON FC အမျိုးသမီး ဘောလုံးအသင်းတို့၏ အာရှအမျိုးသမီး ချန်ပီယံလိဒ်ပြိုင်ပွဲ အုပ်စုအဆင့်ပွဲစဉ်ကို နိုဝင်ဘာ ၉ ရက်နေ့ ညပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်း၌ ကျင်းပသည်။

သန်လျင်မြို့နယ်တွင် ကျောင်းသား ကျောင်းသူများအား သွားနှင့်ခံတွင်း ကျန်းမာရေးစစ်ဆေးပေးခြင်းလုပ်ငန်း ဆောင်ရွက်

သန်လျင်ခရိုင် သန်လျင်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းသား ကျောင်းသူများအား သွားနှင့်ခံတွင်းကျန်းမာရေးစစ်ဆေးပေးခြင်းကို ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က ငပကျေးရွာ အ.မ.က မူလွန်ကျောင်းနှင့် အ.မ.က သစ်စက်ကျောင်းတို့၌ ပြုလုပ်ခဲ့သည်။

ဒေါပုံမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း (အမှတ်စဉ်၁/၂၀၂၅) ဖွင့်လှစ်ဆောင်ရွက်

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် မီးဘေး၊ အခြားသဘာဝဘေးအန္တရာယ်နှင့် ရုတ်တရက် မတော်တဆမှုဖြစ်ပွားသော ဘေးအန္တရာယ်များစသည်ဖြင့် ပေါ်ပေါက်လာပါက မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ပြည်သူ့အကျိုးပြု လူမှုဝန်ထမ်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းစသည့် လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (အမှတ်စဉ်၁/၂၀၂၅) ကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနတွင် ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

8th WVVF World Vovinam Championship 2025 ပြိုင်ပွဲတွင် မြန်မာဗိုဗီနမ်အသင်း ရွှေတံဆိပ် ၂ ခု၊ ငွေတံဆိပ် ၅ ခု ၊ ကြေးတံဆိပ်၇ခု၊ စုစုပေါင်းဆုတံဆိပ် ၁၄ ခုဆွတ်ခူးရရှိခဲ့ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရာက်ရှိ

၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှ ၈ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် 8th WVVF World Vovinam Championship 2025 ပြိုင်ပွဲသို့ မြန်မာဗိုဗီနမ်အသင်းမှ အုပ်ချုပ်သူ နည်းပြ ၂ ဦး၊ အားကစားသမားအမျိုးသား ၃ ဦး၊ အမျိုးသမီး ၃ ဦး၊ စုစုပေါင်း ၈ ဦးတို့သည် အားကစားနည်း အမျိုးအစား (Event) ၁၆ မျိုးတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

လှည်းကူးမြို့နယ်၊ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲတောင်သူများသို့ နေကြာမျိုးစေ့များ၊ Drum Seeder များ ဖြန့်ဖြူးပေးအပ်ခြင်းနှင့် သစ်စိမ်းမြေဩဇာကြဲပက်စိုက်ပျိုးပွဲ အခမ်းအနား ကျင်းပ

၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲ တောင်သူများသို့ နေကြာမျိုးစေ့များ၊ Drum Seeder များ ဖြန့်ဖြူးပေးအပ်ခြင်းနှင့် သစ်စိမ်းမြေဩဇာကြဲပက်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ သနပ်ပြင်ကျေးရွာ၊ တောင်သူ ဦးအောင်တင်သန်း၏ လယ်မြေတွင် ကျင်းပသည်။

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ wifi ကြိုးများ မီးလောင်မှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်မီးသတ်စခန်းနှင့် (၄) မိုင်ခန့်အကွာရှိ ၂၀ ရပ်ကွက် လှော်ကားလမ်းနှင့် ကန်တော်မင်္ဂလာလမ်းထောင့်၌ နိုဝင်ဘာ (၉) ရက် နံနက် (၇) နာရီ (၁၅) မိနစ်ခန့်တွင် wifi ကြိုးများ အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ (၃/၂၀၂၅) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ (၃/၂၀၂၅)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ်ပိုင်းက ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၃)တွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ကော်မတီဝင်များ တက်ရောက်ကြသည်။

ထန်းတပင်မြို့နယ်တွင် ကျောင်းသား ကျောင်းသူများအား သွားနှင့် ခံတွင်းကျန်းမာရေးစစ်ဆေးပေးခြင်းလုပ်ငန်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းသား ကျောင်းသူများအား သွားနှင့် ခံ တွင်းကျန်းမာရေးစစ်ဆေးပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က မူလတန်း(လွန်) သခင်မြစာသင်ကျောင်း၌ ပြုလုပ်ခဲ့သည်။

အင်းစိန်မြို့နယ် နံ့သာကုန်းရပ်ကွက်ရှိ နံ့သာကုန်းစက်ဘီးဝန်းတွင် မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၌ မီးလောင်မှု၊ မီးလန့်မှု မဖြစ်ပွားစေရေး မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက နံ့သာကုန်းစက်ဘီးဝန်းသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ အခွန်ဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အခွန်ဦးစီးဌာနမှူးရုံးအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲကို နိုဝင်ဘာ ၆ ရက်နေ့က ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အခွန်ဦးစီးဌာနမှူးရုံး   အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး