ခရမ်းမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် ရောင်းချနေသော ဆရာဝန်ညွှန်ကြားချက်မလိုသည့် အိမ်သုံးဆေးဝါးများအား သတ်မှတ်ချက်ကိုက်ညီမှုရှိသည့် ဆေးဝါးများ ဈေးကွက်အတွင်း ဖြန့်ဖြူး ရောင်းချခြင်း ရှိ/မရှိ စစ်ဆေး
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် ခရမ်းမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် ဆရာဝန်ညွှန်ကြားချက်မလိုသည့် အိမ်သုံးဆေးဝါးများအား သတ်မှတ်ချက်အညီ ကိုက်ညီမှုရှိသည့် ဆေးဝါးများကိုသာ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က တာဝန်ရှိသူများပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။