ခရမ်း ဇွန် ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် ခရမ်းမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် ဆရာဝန်ညွှန်ကြားချက်မလိုသည့် အိမ်သုံးဆေးဝါးများအား သတ်မှတ်ချက်အညီ ကိုက်ညီမှုရှိသည့် ဆေးဝါးများကိုသာ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က တာဝန်ရှိသူများပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် ခရမ်းမြို့နယ်အတွင်းရှိ ဆေးဝါးရောင်းချနေသည့် ဆေးဆိုင်များတွင် သတ်မှတ်ထားသော ဆေးဝါးများသာရောင်းချရန်၊ သက်တမ်းလွန်ဆေးဝါးများမရောင်းချရန်၊ မြန်မာဘာသာနှင့် ရေးသားထားသော ကုန်အညွှန်းမှတ်သားပါသည့် ဆေးဝါးများကိုသာ ရောင်းချရန်နှင့် အများပြည်သူ သုံးစွဲရန်မသင့်သည့် ခွင့်ပြုမဲ့ဆေးဝါးများ ဈေးကွက်အတွင်း ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါစစ်ဆေးခြင်းကို ခရမ်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့များ ပူးပေါင်းကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
ခင်နှင်းဝေ(ခရမ်းပြန်/ဆက်)