ပန်းဘဲတန်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ဟောပြောပွဲ၊ စာအုပ်၊စာစောင်ပြပွဲနှင့် ကာယဉာဏပြိုင်ပွဲများနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း လုပ်ငန်းများဆောင်ရွက်

ပန်းဘဲတန်း ဇွန် ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ်တွင် အခြေခံပညာမူလတန်းကျောင်း အမှတ်(၃)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုကို ဇွန်လ ၂၄ ရက်နေ့ နံနက် ၉ နာရီက အသိပညာပေး ဟောပြောပွဲ၊ စာအုပ်စာ‌‌စောင်ပြပွဲများ၊ ကာယဉာဏပြိုင်ပွဲများနှင့် လက်ကမ်းစာ‌စောင် ဖြန့်ဝေခြင်းလုပ်ငန်းများအား  ကျင်းပပြုလုပ်သည်။

အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ  ဒေါ်ခင်ဝင်းမူက မူးယစ်ဆေးဆိုတာဘာလဲ၊ မူးယစ်ဆေးသုံးစွဲခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများရရှိနိုင်ခြင်းနှင့် မူးယစ်ဆေးဝါးကြောင့် လူသားအရင်းအမြစ်များ ဆုံးရှုံးနိုင်ကြောင်း ရှင်းလင်းပြောကြားပြီး စာဖတ်ခြင်းဖြင့် ဦးနှောက် ဉာဏ်ရည်ဖွံ့ဖြို့တိုးတက်မည် ဖြစ်ကြောင်း ဟောပြောသည်။

ထို့နောက်  ခင်းကျင်းပြသထား‌သော စာအုပ်၊စာစောင်များအား လေ့လာဖတ်ရှုကြပြီး  ကာယ ဉာဏ ပြိုင်ပွဲများ ဖြစ်ကြ‌သော ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ ၊ဆေးရောင်ခြယ်ပြိုင်ပွဲ ၊ စကားပုံဆက်ပြိုင်ပွဲများ ၊ မူးယစ်လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်း၊ မူးယစ်ဆေးဝါး နံရံကပ်စာစောင် ပြသခြင်းများ လုပ်ငန်းများအား ဆက်လက်ကျင်းပခဲ့ရာ အခြေခံပညာ မူလတန်း အမှတ်(၃)ကျောင်း ကျောင်းသား၊ ကျောင်းသူများမှ ယှဉ်ပြိုင်ကစားကြပြီး ပြိုင်ပွဲဝင် ကျောင်းသား၊ကျောင်းသူများကို စာ‌ရေးကိရိယာပစ္စည်းများဖြင့် ဂုဏ်ပြုလက်ဆောင် ပေးအပ်ချီးမြှင့်သည်။

ခင်ဝင်းမူ(ပြန်/ဆက်)