အလုံ ဇွန် ၂၆
ရန်ကုန်တိုင်းဒေကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၊ စောရန်ပိုင်အရှေ့ရပ်ကွက်၊ အောက်ကြည့်မြင်တိုင်လမ်း၊ အ.ထ.က (၄) ကျောင်း၊ သီရိရတနာခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ၂၀၂၆ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီး အခြေခံပညာအထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲ ကျင်းပခဲ့သည်။
ထို့နောက် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးအား "စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသမီးများ၏အခန်းကဏ္ဍ" ခေါင်းစဥ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲအား "မြန်မာ့ယဥ်ကျေးမှုနှင့် မြန်မာအမျိုးသမီး "ခေါင်းစဥ်များဖြင့် လည်းကောင်းဖြေဆိုယှဥ်ပြိုင်ခဲ့ကြပြီး ဖြေဆိုသည့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၄၂) ဦးနှင့် အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ (၄၂) ဦး၊ စုစုပေါင်း (၈၄) ဦးအားတစ်ဦးလျှင် ကျောင်းသုံးဗလာစာအုပ်တစ်ဒါဇင်၊ အာဟာရမုန့်၊ အအေးနှင့်ရေသန့်များ ထောက်ပံ့ပေးခဲ့သည်။
အဆိုပါစာစီစာကုံးဖြေဆိုနေမှုအား ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်နှင်းနှင်းအေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၏ဇနီးများ၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းဇာခြည်ဦးနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ရွှေလုံသား (မြို့နယ်ပြန်/ဆက်)