ရန်ကုန်တိုင်းဒေသကြီး

သင်္ဃန်းကျွန်းမြို့နယ်၊ သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်၌ အမျိုးသား၊အမျိုးသမီး(ဘော်လီဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့်ဘောလုံးပြိုင်ပွဲ) ဆုပေးပွဲ အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်၌ ပညာရေးဝန်ကြီးဌာန ဆရာအတတ်ပညာ ဦးစီးဌာန သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်၌ ပထမနှစ်၊ဒုတိယနှစ်၊တတိယနှစ်နှင့် စတုတ္ထနှစ် ကျောင်းသား၊ကျောင်းသူများ၏ ဘော်လီဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဘောလုံးပြိုင်ပွဲများ ယှဥ်ပြိုင်ကစားခဲ့ကြသည့် ကျောင်းသား၊ကျောင်းသူများ ဆုပေးပွဲ အခမ်းအနားအား ကျောင်းအားကစားခန်းမ၌ ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ်၌ ရပ်ရွာအေးချမ်းသာယာရေးနှင့်တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တောင်ဥက္ကလာပမြို့နယ်၌ ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဥပ‌ဒေအသိပညာပေးဟောပြောပွဲကို ဇူလိုင် ၇ ရက်နေ့ နံနက်(၁၁)နာရီ အချိန်က တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၃)ရပ်ကွက် အောင်မြေလူထုဓမ္မာရုံ၌ ကျင်းပသည်။

ထန်းတပင်မြို့နယ်၌ ပြည်ပပို့ကုန်ဆန်စပါးစိုက်ပျိုးရေးဇုန်( RICE EXPORT ZONE) စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် တောင်သူများထံသို့ သွင်းအားစုများပေးအပ်

ပြည်ပပို့ကုန်ဆန်စပါးစိုက်ပျိုးနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းရှိ တောင်သူများထံသို့ သွင်းအားစုများပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

ရန်ကုန်တက္ကသိုလ်ဝိဇ္ဇာခန်းမ၌ “လူငယ်နှင့်အနာဂတ် နိုင်ငံတော်စီးပွားဖွံ့ဖြိုးတိုးတက်ရေး” အသိပညာပေးဟောပြော

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် လူငယ်များတက်ကြွစွာပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ပူးပေါင်းကျင်းပသည့်“လူငယ်နှင့် အနာဂတ်နိုင်ငံတော်စီးပွားဖွံ့ဖြိုးတိုးတက်ရေး”ခေါင်းစဉ်ဖြင့်အသိပညာပေးဟောပြောပွဲကို ယ​နေ့နံနက်ပိုင်းတွင် ကမာရွတ်မြို့နယ်ရှိ ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမ၌ ကျင်းပသည်။

ကော့မှူးတွင် Book Clubအဖွဲ့ဝင်များ၊ Youth Clubအဖွဲ့ဝင်များနှင့် လူငယ်စာဖတ်ဝိုင်းကျင်းပ

လူငယ်လူရွယ်များ စာဖတ်ရှိန်မြင့်မားတိုးတက်ရေးနှင့် စာပေမှရသောအသိပညာ ဗဟုသုတများအား အသုံးချတက်စေရန် တစ်ဦးနှင့်တစ်ဦးချင်းစီ၏ အတွေးအခေါ် အသိအမြင်များ မျှဝေတက်စေရန် ရန်ကုန်တိုင်း‌ဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့ည‌နေ၄ရီက စာပေချစ်မြတ်နိုးသူများနှင့်  Book Club အဖွဲ့ဝင်များ ပူးပေါင်း၍ စာဖတ်ဝိုင်း ကျင်းပသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့်အခြေခံပညာကျောင်းများတွင် အသက် (၁၀)နှစ်ပြည့်ပြီးသည့် ကျောင်းသား/ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်း ဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ဆိပ်ကြီးအနောက်ရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာ မူလတန်းလွန်ကျောင်းတွင်လည်း နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

ထန်းတပင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များအား ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာပေဗဟုသုတများတိုးပွားလာစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အတွင်းရေကျော်ကျေးရွာ၊ အ.ထ.က(ခွဲ)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

ခရမ်းမြို့နယ်တွင် (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပြိုင်ပွဲများ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံဆွဲဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပသည်။

တံတားမြို့တွင် ရပ်ရွာအေးချမ်းသာယာ‌ရေးနှင့် တရားဥပ‌ဒေစိုးမိုးရေး  မှုခင်းကျဆင်းရေး ဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ရှမ်းချောင်းကျေးရွာတွင် ရပ်ကွက်၊ကျေးရွာအုပ်စုများ၌ မှုခင်းဖြစ်ပွားမှုလျော့နည်းကျဆင်းစေရေး၊ ကျောင်းသား၊ကျောင်းသူများ သိသင့်သိထိုက်သည့် ဥပဒေများကို သိရှိနိုင်စေရန် ရည်ရွယ်၍ မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြောခြင်း အခမ်းအနားကို ယနေ့နံနက်(၉)နာရီက ရှမ်းချောင်းကျေးရွာ၊ အခြေခံပညာ အထက်တန်း‌ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု လူငယ်အသိပညာပေးဟောပြော ဆောင်ရွက်

ကျောင်းသား/ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပအထွေထွေဗဟုသုများ ရရှိနိုင်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ‌ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု လူငယ်အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉) နာရီက လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ အ.ထ.က (ခွဲ) လ (၁၀) ကျောင်းတွင် ပြုလုပ်သည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး