ရန်ကုန်တိုင်းဒေသကြီး

လူထုအခြေပြုဗဟိုဌာန (ဗဟန်း) တွင် စာကြည့်တိုက်စီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ် (၁/၂၀၂၅) ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ လူထုအခြေပြုဗဟိုဌာန (ဗဟန်း) ရှိ ဘက်စုံသုံးခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်အတွင်းရှိ ဒုတိယဦးစီးမှူးများဖြင့် စာကြည့်တိုက်စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် (၁/၂၀၂၅) ကို ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရှိရသည်။

တိုက်ကြီးမြို့နယ်၌ ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အသက်အရွယ်အပိုင်းအခြားအလိုက် ကာကွယ်ဆေးများ အပြည့်အဝရရှိစေရေးရည်ရွယ်ကာ ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက ဈေးရပ်ကွက်၊ ဗောဓိကုန်းရပ်ကွက်နှင့် အင်္ဂလားရပ်ကွက်၊ ရှမ်းစုရပ်ကွက်များရှိ အုပ်ချုပ်ရေးမှူးရုံးများ၌ တပြိုင်တည်းဆောင်ရွက်သည်။

စမ်းချောင်းမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်း‌ကျောင်း၌ HPV သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံ

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် ယနေ့နံနက် (၉) နာရီအချိန်က ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက စမ်းချောင်းမြို့နယ် ကျွန်းတော (တောင်) ရပ်ကွက်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံပေးကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် သက်ကြီးရွယ်အိုကျန်းမာရေးစောင့်ရှောက်မှု ဆီးချို၊ သွေးချိုရောဂါ ကာကွယ်ကုသထိန်းချုပ်ရေးဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဦးစောအောင်ရွှေဖြူ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ သက်ကြီးရွယ်အိုများ ဆီးချို၊ သွေးချိုရောဂါနှင့် အခြားရောဂါများအတွက် ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးကျန်းမာရေးစောင့်ရှောက်မှုအား ယနေ့နံနက်ပိုင်းက စတင်ဆောင်ရွက်ခဲ့သည်။

မြောက်ဥက္ကလာပမြို့နယ်တွင် ပြည်သူအခြေပြုအမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးများ ထိုးနှံ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူအခြေပြု အသက် (၉) နှစ်ပြည့်ပြီး (၁၃) နှစ်မပြည့်သော အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန် သက်ဆိုင်ရာစုရပ်အသီးသီးတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ထိုးနှံ​ပေးလျက်ရှိကြောင်း သိရသည်။

ရန်ကင်းမြို့နယ်၌ ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အသက်အရွယ်အပိုင်းအခြားအလိုက် ကာကွယ်ဆေးများ အပြည့်အဝရရှိစေရေး ရည်ရွယ်ကာ ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက အမှတ် ၁၁ ရပ်ကွက် သာသနရက္ခိတကျောင်းဆေးထိုးစုရပ်နှင့် ဒေသန္တရဆေးထိုးစုရပ်များတွင် တပြိုင်တည်းဆောင်ရွက်သည်။

ထန်းတပင်မြို့နယ်၌ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြော ကျဥ်းရောဂါဝေဒနာရှင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ အစီအစဥ်ဖြင့် မြို့နယ်အတွင်းရှိ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဥ်းရောဂါဝေဒနာရှင်များအတွက် အပတ်စဥ်ဗုဒ္ဓဟူးနေ့ရက် နံနက် ၈ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ၊ လူနာစောင့်များ နားနေဆောင်၌ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တိုက်ကြီးမြို့နယ်၌ ဆောင်းသီးနှံ (နေကြာ) မျိုးစေ့ချစက်ဖြင့် လက်တွေ့သရုပ်ပြစိုက်ပျိုးခြင်း၊ နေကြာမျိုးစေ့နှင့် ဓာတ်မြေဩဇာများ ပေးအပ်ခြင်းနှင့် နွေစပါးအတွက် Drum Seeder များ ပေးအပ်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဆောင်းသီးနှံ (နေကြာ) မျိုးစေ့ချစက်ဖြင့် လက်တွေ့သရုပ်ပြစိုက်ပျိုးခြင်း၊ နေကြာမျိုးစေ့နှင့် ဓာတ်မြေဩဇာများ ပေးအပ်ခြင်းနှင့် နွေစပါးအတွက် Drum Seeder များ ပေးအပ်ပွဲကို ယနေ့န့နက် ၈ နာရီက သရက်ချောင်းကျေးရွာ ကွင်းအမှတ် ၇၀၀ A တောင်သူ ဒေါ်တင့်တင့်ဝေ၏ လယ်မြေ၌ ကျင်းပသည်။

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်အတွင်းရှိ ဒီဇင်ဘာလအားကစားလတွင် ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ဒီဇင်ဘာလအားကစားလတွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံခိုင်စေရန်ရည်ရွယ်၍ ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများကို ယမန်နေ့က စတင်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။

ကော့မှူးတွင် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးဟောပြောပွဲ၊ ဂိမ်းကစားပြိုင်ပွဲနှင့် နံရံကပ်စာစောင်များ ပြသ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတရရှိ‌စေရေးအတွက် အခြေခံပညာကျောင်းများ၌ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ‌ ယနေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် လက်ခိုက်ကျေးရွာ အခြေခံပညာမူလတန်း‌လွန်ကျောင်း မူလွန် (လက်ခိုက်) ကျောင်း၌ အသိပညာ‌ပေးဟောပြောပွဲ ဂိမ်းကစားပြိုင်ပွဲများနှင့် နံရံကပ်စာစောင်ပြပွဲများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး