သန်လျင်မြို့နယ် ညောင်လေးပင်(အ.မ.က)နှင့် ထော်သွန်(မူလွန်)ကျောင်းတို့၌ ကျောင်းကျန်းမာရေး လုပ်ငန်းများဆောင်ရွက်

ရန်ကုန် ဇွန် ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် ၊သန်လျင်မြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများရှိ မူလတန်းအရွယ် ကျောင်းသား၊ကျောင်းသူများတွင် သွားနှင့်ခံတွင်းရောဂါများ ကင်းဝေးစေရေး ၊မျက်စိကျန်းမာရေးစစ်ဆေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ကွင်းဆင်း၍ ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ပေးရာတွင် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက  ညောင်လေးပင်( အ.မ.က ) ကျောင်းနှင့် ထော်သွန် (မူလွန်)ကျောင်းများရှိ ကျောင်းသား၊ကျောင်းသူများအား သွားတစ်ချောင်းနှင့် သွားဖုံးသား ဖွဲ့စည်း တည်ဆောက်ထားပုံ၊ သွားနှင့်ခံတွင်းကျန်းမာရေးအတွက် ဆောင်ရန်၊ရှောင်ရန် အချက်များ၊ သွားပိုးစားရောဂါဖြစ်ပွားလာပုံနှင့် နောက်ဆက်တွဲဖြစ်စဉ်များ စစ်မှန်သော သွားတိုက်နည်းများ၊ မျက်စိကျန်းမာရေးနှင့် ဆောင်ရန်၊ရှောင်ရန်အချက်များအား အသိပညာပေးခြင်းများကို ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။

ဖြိုးသီဟ(သန်လျင်)