ဒဂုံမြောက် ဇွန် ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ လမင်းစီမံချက်ဖြင့် နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ်ရရှိစေရန်အတွက် ကျောင်းသား/ သူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် Biometric ကောက်ယူ၍ UID ကတ် ထုတ်ပေးခြင်းလုပ်ငန်းများကို ဇွန် ၂၄ ရက်နေ့က အမှတ် (၃) အခြေခံပညာအလယ်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ၊ မြို့နယ်ဦးစီးမှူး ဦးမင်းညီညီထွန်း၏ ကြီးကြပ်မှုဖြင့် လဝကမှူး ဒေါ်မင်းမင်းစိုးထွန်းပါ ဝန်ထမ်း (၇) ဦးမှ အသက် (၁၀) နှစ်ပြည့် ကျား (၅၃) ဦး၊ မ (၅၈) ဦး စုစုပေါင်း (၁၁၁) ဦးအား နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသား/ သူ (ကျား (၂၃) ဦး၊ မ (၂၂) ဦး စုစုပေါင်း (၄၅) ဦးအား UID ကတ်များထုတ်ပေးခဲ့သည်။ နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေးရာသို့ မြို့နယ်ပညာရေးမှူး ဦးအောင်စံကျော်မှ ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ကူညီဆောင်ရွက်ပေးခဲ့သည်။
မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ကျောင်းသား ကျောင်းသူမျာအား နိုင်ငံသားစိစစ်ရေးကတ်များရရှိစေရန် လမင်းစီမံချက်ဖြင့် အခြေခံပညာကျောင်းများတွင် ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လဝကဦးစီးမှူးထံမှ
သိရသည်။
မြင့်မြင့်ရီ (ပြန်/ဆက်)