ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ကွင်းဆင်း‌ဆောင်ရွက်

ဒဂုံမြောက် ဇွန် ၂၆

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခြင်ဆေးဖြန်းခြင်း၊ အဘိတ်ဆေးခပ်ခြင်း လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက (၃၃) ရပ်ကွက်အတွင်းရှိ ရပ်ကွက်နေပြည်သူများ နေအိမ်အရောက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ အသင်းအဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် (၃၃) ရပ်ကွက်အတွင်းရှိ ရပ်ကွက်နေပြည်သူများ နေအိမ်များရှိ ရေသုံးစွဲနေသည့် ရေအိုးနှင့် ရေစည်များအတွင်း အဘိတ်ဆေးများခပ်ခြင်းနှင့် နေအိမ်ခြံဝင်းများအတွင်း ခြင်ဆေးဖြန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ပြည်သူများအား သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို ကျန်းမာရေးဝန်ထမ်းများမှ အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

မြင့်မြင့်ရီ (ပြန်/ဆက်)