တောင်သူများသို့ သွင်းအားစုနှင့်စိုက်ပျိုးစရိတ် ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား သုံးခွမြို့၌ ကျင်းပ

သုံးခွ ဇွန် ၂၆

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် Rice Export Zone စီမံချက်အား Good Brothers Co , ltd မှ တောင်သူများသို့ သွင်းအားစုနှင့် စိုက်ပျိုးစရိတ် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက လေးကျွန်းမာန်အောင် ဓမ္မရုံ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြို့ဆောင်က အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် Good Brothers Co, ltd မှ ဦးသန်းဦးမှ Rice Export Zone စီမံချက်လုပ်ငန်းဆောင်ရွက်မည့် အခြေအနေအား ရှင်းလင်းပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးမျိုးသန်းက စိုက်ပျိုးရေးနှင့်ပတ်သက်၍ အသိပညာပေး အကြောင်းအရာများကို ပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တောင်သူများသို့ သွင်းအားစုနှင့် စိုက်ပျိုးစရိတ်များကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တောင်သူဦးကြီးများထံ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။

တောင်သူများသို့ သွင်းအားစုနှင့် စိုက်ပျိုးစရိတ် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့ မြို့နယ်အတွင်းရှိ တောင်သူ(၇၄)ဦးတက်ရောက်ကြောင်း သိရသည်။

စည်သူလင်း ပြန်/ဆက်