ရှမ်းပြည်နယ်

ဟိုပုံးမြို့နယ် အ.ထ.က(ဒုံမေးခိုး)တွင် မီးခိုးမြူငွေ့အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ မီးခိုးမြူငွေ့ဖြစ်ပေါ်ခြင်းကြောင့် လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်လာရပြီး လူသားများနှင့် ပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်မှုများအား သိရှိနားလည်စေရန် ရည်ရွယ်၍ မီးခိုးမြူငွေ့အန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (ဒုံမေးခိုး)၌ ကျင်းပသည်။

ဟိုပုံးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် ဒေသအဆင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်များအား အတတ်ပညာသာမက အသိပညာဗဟုသုတများ ရှာမှီးနိုင်ရန်၊ နိုင်ငံ့အနာဂတ်စွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်မှုများ အရှိန်အဟုန်မြင့်မားလာစေရန်၊ စာအုပ်စာပေ၌ နှစ်သက်မွေ့လျော်ကာ စာဖတ်သည့်ဓလေ့၊ စာကြည့်တိုက်များသို့ သွားလာအသုံးချနိုင်မည့် အလေ့အကျင့်များဖြစ်လာစေရန်၊ ပညာဗဟုသုတပြည့်ဝ၍ အနာဂတ်တွင် နိုင်ငံတော်အတွက် ဦးဆောင်ဦးရွက်ပြုသူများဖြစ်စေရန် ရည်ရွယ်၍ အခြေခံပညာဦးစီးဌာနဖြင့် ပူးပေါင်းကာ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က ပေါင်လင်းကျေးရွာအုပ်စု အခြေခံပညာအလယ်တန်းကျောင်းခွဲ(ဟိုနား)၌ ဆောင်ရွက်သည်။

ဟိုပုံးမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ဒေသအဆင့်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး (Pfizer) များ ထိုးနှံပေးလျက်ရှိသည်။

ဟိုပုံးမြို့နယ် လုံခုတ်ကျေးရွာအုပ်စု၊ ပါပန့်ကျေးရွာ၌ စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် အသိပညာပေးဆွေးနွေးပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးဖြိုးနိုင်ဦး ဦးဆောင်၍ ဌာနဆိုင်ရာများပါဝင်သည့် စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် (၉) နာရီခွဲ အချိန်က လုံခုတ်ကျေးရွာအုပ်စု၊ ပါပန့်ကျေးရွာ၌ ကျင်းပသည်။

မိုင်းယန်းမြို့၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်များနှင့် သားသတ်လုပ်ငန်းလိုင်စင်များ ဈေးပြိုင်လေလံစနစ်ဖြင့် ရောင်းချခြင်းအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် စည်ပင်သာယာရေးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်များနှင့် သားသတ်လုပ်ငန်းလိုင်စင်များအား ဈေးပြိုင်လေလံစနစ်ဖြင့် ရောင်းချခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ဟောကန်ရပ်ကွက်အတွင်းရှိ မြို့နယ်စည်ပင်သာယာရေးဌာနရုံး၌ ကျင်းပခဲ့သည်။

ရပ်စောက်၌ လူငယ်‌ရေးရာအသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာ‌စောင်ပြပွဲပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့၊ ပါမဲတိုက်နယ်၊ ငါးပင်ကျေးရွာ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေ‌ခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ နံနက် ၁၀  နာရီက မူလွန်ငါးပင်တောင်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းစံမြို့အတွင်း မီးလောင်မှု၊ မီးလန့်မှုမရှိစေရေးအတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လှည့်လည်နှိုးဆော်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့တွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ပြည်သူများအနေဖြင့် မီးဘေးအန္တရာယ် အသိ၊ သတိရှိစေရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီး၊ ဆုံးရှုံးမှုမှ ကြိုတင်ကာကွယ်နိုင်ရန် အတွက် မီးသတ်ဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်အတွင်း၌ ယမန်နေ့ ည‌ (၇) နာရီအချိန်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လှည့်လည်နှိုးဆော်ခဲ့ကြောင်းသည်။

တန့်ယန်းမြို့နယ်တွင် ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိ သဒ္ဓမ္မပါလစာမေးပွဲ စတင်ဖြေဆို

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်၏ ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိ သဒ္ဓမ္မပါလစာမေးပွဲ ပထမနေ့ ဝိနည်းဘာသာကို ယမန်နေ့ မွန်းလွဲ ၁ နာရီမှစတင်၍ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်၌ ကျင်းပဖြေဆိုခဲ့ကြသည်။

ခိုလမ်မြို့၊ သီရိမင်္ဂလာကျောင်းတိုက်တွင် ရှမ်းပြည်နယ်လုံးဆိုင်ရာ (၂၇)ကြိမ်မြောက် ပရိယတ္တိသဒ္ဓမ္မပါလ စာပြန်ပွဲကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ခိုလမ်မြို့ သီရိမင်္ဂလာကျောင်းတိုက်တွင် ရှမ်းပြည်နယ်လုံးဆိုင်ရာ (၂၇)ကြိမ်မြောက် ပရိယတ္တိသဒ္ဓမ္ပပါလ စာပြန်ပွဲကို(၁၃.၂.၂၀၂၅)ရက်နေ့မှစတင်၍ (၂၁.၂.၂၀၂၅)ရက်နေ့ထိ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

မိုင်းယုမြို့၌ နေ့သုံးနေ့ထပ်သည့် ရှင်ဥပဂုတ္တမထေမြတ်ပူဇော်ပွဲ (ခ) ဝါးဖောင်မီးမျှောပူဇော်ပွဲ ကျင်းပ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ဒေသခံ ရှမ်းတိုင်းရင်းသားတို့၏ အစဉ်အမြဲ ကျင်းပလေ့ရှိသည့် ရှင်ဥပဂုတ္တမထေမြတ်ပူဇော်ပွဲ(ခ)ဝါးဖောင်မီးမျှောပူဇော်ပွဲကို ယမန်နေ့ည (တပို့တွဲလပြည့် ၁၅ ရက်၊ လပြည့်နေ့၊ ဗုဒ္ဓဟူးနေ့)ညက မိုင်းယုမြို့မရပ်ကွက်ရှိ နမ့်လွေချောင်းစပ်သဲသောင်ပြင်၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
Subscribe to ရှမ်းပြည်နယ်