မိုင်းယန်းမြို့၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်များနှင့် သားသတ်လုပ်ငန်းလိုင်စင်များ ဈေးပြိုင်လေလံစနစ်ဖြင့် ရောင်းချခြင်းအခမ်းအနား ကျင်းပ

မိုင်းယန်း ဖေဖော်ဝါရီ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် စည်ပင်သာယာရေးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်များနှင့် သားသတ်လုပ်ငန်းလိုင်စင်များအား ဈေးပြိုင်လေလံစနစ်ဖြင့် ရောင်းချခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ဟောကန်ရပ်ကွက်အတွင်းရှိ မြို့နယ်စည်ပင်သာယာရေးဌာနရုံး၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် မိုင်းယန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးစိုင်းလှိုင်ခမ်းက အဖွင့်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနခွဲ(ကျိုင်းတုံ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်မေမှ လေလံစနစ်ကိစ္စရပ်များနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးကျော်စိုးလွင်မှ လေလံရောင်းချခြင်းဆိုင်ရာ စည်းကမ်းချက်များကို ချပြရှင်းလင်းသည်။

ထို့နောက် ဈေးပြိုင်လေလံစနစ်ဖြင့် ရောင်းချခြင်းတွင် မြို့မအမဲသားသတ်လုပ်ငန်းလိုင်စင်၊ မြို့မဝက်သားသတ်လုပ်ငန်းလိုင်စင်၊ မြို့မပျံကျဈေးကောက်လုပ်ငန်းလိုင်စင်၊ မြို့မဈေးကား၊ စက်ဘီး၊ ဆိုင်ကယ်အပ်နှံရေးဂိတ်လုပ်ငန်းလိုင်စင်နှင့် မြို့ဝင်ဘီးကောက်လုပ်ငန်းလိုင်စင် စသည့်လုပ်ငန်းလိုင်စင်များကို ပြည်နယ်လေလံကြီးကြပ်ရေးအဖွဲ့၊ မြို့နယ်လေလံကြီးကြပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် လုပ်ငန်းရှင်များအား ဈေးပြိုင်လေလံစနစ်ဖြင့်  ရောင်းချပေးခဲ့ကြောင်း သိရသည်။  

ထွန်းထွန်းထူး