ရှမ်းပြည်နယ်

ကျိုင်းတုံမြို့နယ်တွင် လူငယ်ရေးရာနှင့် အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် လူငယ်ရေးရာနှင့် အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့က မိုင်းခွန်ကျေးရွာအုပ်စု၊ ဝမ်အွယ်အခြေခံပညာ စက်မှု စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကျေးသီးမြို့ရှိ စက်သုံးဆီအရောင်းဆိုင်များ၌ စက်သုံးဆီရောင်းချနေမှုများအား ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့၌ စက်သုံးဆီအရောင်းဆိုင်များအတွင်း ဓာတ်ဆီ၊ စက်ဆီဈေးနှုန်းများ ပုံမှန်ရောင်းချနေမှု ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက်(၁၀)နာရီခွဲက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဉာဏ်စမ်းပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်နှင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ယနေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဉာဏ်စမ်းပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ပင်လောင်းမြို့၌ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် အသက် (၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လဲချားမြို့နယ် ကလေးစာဖတ်ခန်းတွင် ဆေးရောင်ခြယ်ခြင်းနှင့် ပန်းအလှခေါက်ခြင်း Activities ဆောင်ရွက်

ရှမ်းပြည်နယ်​တောင်ပိုင်း၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်းတွင် ကလေးလူငယ်များ စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရန်၊ အသိပညာဗဟုသုတ တိုးပွားလာစေရန်၊ ကလေးငယ်များစာကြည့်တိုက်အပေါ် စိတ်ပါဝင်စားလာစေရန်၊ ကလေးစာဖတ်ခန်းနှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ပြောဆိုဆွေးနွေးနိုင်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် (၁၀) နာရီအချိန် ကလေးစာဖတ်ခန်း Activities ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ်၌ စာဖတ်ဝိုင်းပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်တွင် စာအုပ်စာပေချစ်မြတ်နိုးသော ဝါသနာတူ ကလပ်အသင်းအဖွဲ့များသည် ယနေ့နံနက် ၈ နာရီက  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသည့် လူငယ်နဲ့အခွင့်အလမ်းစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ကျင်းပခဲ့သည်။

မိုးနဲမြို့နယ်၌ ဆောင်းဆီထွက်သီးနှံ နေကြာများ ရိတ်သိမ်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်ရှိ တောင်သူများအနေဖြင့် မိုးစပါးများ ရိတ်သိမ်းပြီးချိန် သီးထပ်အဖြစ် စျေးကွက်ပိုမိုရရှိမည့် သီးနှံများကို ရွေးချယ်စိုက်ပျိုးလာကြရာ ဆောင်းနေကြာဆီထွက်သီးနှံကို အဓိကထားစိုက်ပျိုးလာကြပြီး လက်ရှိတွင် နေကြာများ စတင် ရိတ်သိမ်းနေကြပြီဖြစ်ကြောင်း သိရသည်။

တာလေမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံလက်ဝယ်အရောက် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းကို အပတ်စဉ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီက  ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်နေပြည်သူများထံ အခမဲ့ငှားရမ်းပေးခဲ့ကြသည်။

မိုင်းခတ်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ဌာနဆိုင်ရာရုံးများသို့ စာအုပ်စာ‌စောင်များ အခမဲ့ငှားရမ်း‌ပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်‌ရေး (Mobile Library) စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းနှင့် စာအုပ်များ အသစ်လဲလှယ်‌ပေးခြင်းကို အပတ်စဉ် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်‌မြေစာရင်းဦးစီးဌာန၊ ဝန်ထမ်းများထံ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လွိုင်လင်မြို့ အ.ထ.က(၁)တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လွိုင်လင်ခရိုင်ရုံးနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းခန်းမ၌ ပြုလုပ်ပါသည်။
Subscribe to ရှမ်းပြည်နယ်