ရှမ်းပြည်နယ်

ကျိုင်းတုံမြို့နယ်တွင် စာကြည့်တိုက် အဆောက်အအုံအသစ်ဖွင့်ပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ၏ မတည်ငွေကျပ် သိန်း ၁၅၀ ဖြင့် ပန်ကြူကျေးရွာအုပ်စု၊ ဝင်းဘိုကျေးရွာ၌ စာကြည့်တိုက် အဆောက်အအုံအသစ်ဖွင့်ပွဲကို ယမန်နေ့က ကျင်းပရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်-၂ ဦးသိန်းတန်နှင့် ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီဝင် ဦးဒေးဗစ်တို့က ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

မိုင်းရှူးမြို့နယ်တွင် (၃၃)ကြိမ်မြောက် ပရိယတ္တိသဒ္ဓမ္မပါလ စာပွဲတော်ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတိုက်အသီးသီးရှိ ဆရာတော်၊ သံဃာတော်များ၏ ၂၀၂၄-၂၀၂၅ခုနှစ် (၃၃)ကြိမ်မြောက် ပရိယတ္တိသဒ္ဓမ္မပါလ စာပွဲ‌တော်ကို ယနေ့ မွန်းလွဲ(၁)နာရီက အမှတ်(၄)ရပ်ကွက်ရှိ ယုံးပေါင်းကျောင်းတိုက်၌ ကျင်းပခဲ့သည်။

ဟိုပုံးမြို့နယ်တွင် မီးခိုးမြူငွေ့အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ မီးခိုးမြူငွေ့ဖြစ်ပေါ်ခြင်းကြောင့် လေထုညစ်ညမ်းမှုများဖြစ်ပေါ်လာရပြီး လူသားများနှင့် ပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်မှုများအား သိရှိနားလည်စေရန်ရည်ရွယ်၍ မီးခိုးမြူငွေ့အန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ (၁) နာရီ အချိန်က အခြေခံပညာအလယ်တန်းကျောင်းခွဲ (ဟိုနား) ၌ ကျင်းပခဲ့ကြောင်း သိရသည်။

လဲချားမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သော နောင်ခမ်းကန်သာယာလှပရေးအတွက် ကန်ပတ်လည်လမ်းခင်းခြင်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်၏ အထင်ကရနေရာတစ်ခုဖြစ်သော နောင်ခမ်းကန်သာယာလှပ​ရေးအတွက် ကန်ပတ်လည်လမ်းခင်းခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

မိုင်းပျဉ်းမြို့ အ.ထ.က-ခွဲကျောင်း၌ ရိုးရာထမနဲထိုးပြိုင်ပွဲ ပျော်ရွှင်စွာဆင်နွှဲ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီလ (၁၁) ရက်နေ့ နံနက် (၁၀) နာရီအချိန်က အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

ဟိုပုံးမြို့နယ် အခြေခံပညာအလယ်တန်းကျောင်းခွဲ(ဟိုနား)၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ပေါင်လင်းကျေးရွာအုပ်စုရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲ(ဟိုနား)၌ ကျင်းပခဲ့သည်။

ပင်လောင်းမြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ပြုလုပ်

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပခဲ့ကြောင်း သိရသည်။

လွိုင်လင်မူလတန်းကြိုကျောင်းတွင် ကလေးများနေ့အထိမ်းအမှတ် ကာယဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ လွိုင်လင်မူလတန်းကြိုကျောင်းတွင် ကလေးများနေ့အထိမ်းအမှတ် ကာယဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို အဆိုပါကျောင်းခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပသည်။

(၇၈)နှစ်မြောက်၊ ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တောင်ကြီးမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ရှမ်းရိုးမစာကြည့်တိုက်ဖွင့်ပွဲကျင်းပ

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက်၊ ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရှမ်းရိုးမစာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အဆိုပါစာကြည့်တိုက်အဆောက်အဦရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။

နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(ဆိုက်ခေါင်)၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ပြပွဲဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ပါလောပါကယ်ကျေးရွာအုပ်စု ဆိုက်ခေါင်ကျေးရွာရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းတွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ပြပွဲကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါကျောင်းရှိ ခန်းမ၌ ကျင်းပပြုလုပ်သည်။
Subscribe to ရှမ်းပြည်နယ်