ရှမ်းပြည်နယ်

ပင်းတယမြို့နယ်၌ ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု စစ်ဆေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် တမဲကျေးရွာနှင့် အင်းပက်လက်ကျေးရွာချင်းဆက်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့်ပတ်သက်၍ ယမန်နေ့က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်ဝေဝေလွင်ဖြိုး၊ ဦးစီအရာရှိ(မြို့ပြ) ဒေါ်တင်တင်ထွေးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကာလိမြို့၌ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ညနေပိုင်းက တင်းလီဈေးအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

မက်မန်းမြို့နယ်၌ မီးဘေးလုံခြုံရေး ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွင်း ကျောင်းသား/ကျောင်းသူများ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုနေစဉ်ကာလအတွင်း မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် ယမန်နေ့ နံနက် ၉ နာရီအချိန်က မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် မီးဘေးလုံခြုံရေး စစ်ဆေး အကြံပေးခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ကျိုင်းတုံမြို့၌ ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းခွင်(မွမ်းမံ)သင်တန်းအမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့(ကျိုင်းတုံ)မှ ကြီးမှူးဖွင့်လှစ်သည့် ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းခွင်(မွမ်းမံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၅)ဖွင့်ပွဲကို  ယမန်နေ့က ကျိုင်းတုံခရိုင် ရဲတပ်ဖွဲ့မှူးရုံးတွင် ကျင်းပခဲ့သည်။

လင်းခေးတွင် အကြမ်းဖက်ဖြစ်စဥ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကျင်းပ

အကြမ်းဖက်ဖြစ်စဥ်များကြောင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းတည့် (၁၂) နာရီက ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ် နွယ်ဝတီခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့တွင် နွေရာသီအားကစားသင်တန်း အောင်မြင်စွာ ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ၂၀၂၅ ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်း အောင်မြင်စွာ ဖွင့်လှစ်နိုင်‌ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

တောင်ကြီးမြို့တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာနေရသည့် ပြည်သူများအား ထောက်ပံ့ငွေပေးအပ်

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် တောင်ကြီးခရိုင်အတွင်းရှိ မြို့နယ်များ၌ အကြမ်းဖက် ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာနေရသည့် ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မူဆယ်မြို့၌ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေများပေးအပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ယာယီနေရပ်စွန့်ခွာပြည်သူများနှင့် ယာယီနေရပ်စွန့်ခွာ နိုင်ငံ့ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများကို ယမန်နေ့ နေ့လယ် (၁) နာရီအချိန်က ပေးအပ်ခဲ့ကြောင်း သိရသည်။

ပင်လုံမြို့ အ.လ.က (၃)ကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဝူရှူးသင်တန်းဆင်းပွဲနှင့် ထူးချွန်သူကလေးငယ်များအား ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၊ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဝူရှူးသင်တန်းဆင်းပွဲနှင့် ထူးချွန်သူကလေးများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ နေ့လယ် ၂ နာရီအချိန်က ကျင်းပဆောင်ရွက်ခဲ့ပါသည်။

လွိုင်လင်မြို့တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေ ပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်သို့ရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာပြည်သူများအား နိုင်ငံတော်အစိုးရမှပေးအပ်သည့် ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
Subscribe to ရှမ်းပြည်နယ်