လွိုင်လင်မြို့တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေ ပေးအပ်

လွိုင်လင် ဖေဖော်ဝါရီ ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်သို့ရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာပြည်သူများအား နိုင်ငံတော်အစိုးရမှပေးအပ်သည့် ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ လွိုင်လင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကြည်မြင့်က ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကြည်မြင့်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းထွဋ်တို့က ထောက်ပံ့ငွေများကို ယာယီနေရပ်စွန့်ခွာပြည်သူများအား ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လွိုင်လင်မြို့ ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်း ယာယီနေရပ်စွန့်ခွာလာသူ အိမ်ထောင်စု (၈၇၇)စု၊ လူဦးရေ (၃၁၉၆)ဦးအတွက် တစ်ဦးလျှင် ကျပ် (၂၀၀၀၀)နှုန်းဖြင့် ငွေကျပ် (၆၃၉၂၀၀၀၀ )ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)