ပင်လုံမြို့ အ.လ.က (၃)ကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဝူရှူးသင်တန်းဆင်းပွဲနှင့် ထူးချွန်သူကလေးငယ်များအား ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

ပင်လုံ ဖေဖော်ဝါရီ ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၊ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဝူရှူးသင်တန်းဆင်းပွဲနှင့် ထူးချွန်သူကလေးများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ နေ့လယ် ၂ နာရီအချိန်က ကျင်းပဆောင်ရွက်ခဲ့ပါသည်။

ရှေးဦးစွာ Grade -5 ကျောင်းသူလေး နန်းသူသူဟိန်းမှ ဝူရှူးအကဖြင့် သရုပ်ပြဖျော်ဖြေ၍ အခမ်းအနားကိုစတင်ဖွင့်လှစ်ခဲ့ပြီး ဝူရှူးသင်တန်းသား/ သူလေးများမှ ဝူရှူးအကဖြင့် သရုပ်ပြသခြင်း၊ Grade-7 ကျောင်းသား/ကျောင်းသူလေးများမှ မြန်မာ့သိုင်းအကဖြင့် သရုပ်ပြသခြင်း၊ Grade- 9 ကျောင်းသား/သူလေးများမှ အေရိုးဗစ်အကဖြင့် အသီးသီး သရုပ်ပြဖျော်ဖြေခဲ့​ကြသည်။

ထို့နောက် ဆုရ ကျောင်းသား/ကျောင်းသူလေးများအား ဆုများချီးမြှင့်ခဲ့ပြီး သင်တန်းနည်းပြနှင့် ကြီးကြပ်သူဆရာ/ဆရာမများအား ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။

မြို့နယ်(ပြန်/ဆက်)