ကာလိမြို့၌ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနား ကျင်းပ

ကာလိ ဖေဖော်ဝါရီ ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ညနေပိုင်းက တင်းလီဈေးအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကွန်ဟိန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းနိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့သို့ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာရောက်ရှိနေထိုင်ကြသူ စုစုပေါင်း (၁၁၀၉)ဦးအတွက် နိုင်ငံတော်မှထောက်ပံ့သည့် (၁)ဦးလျှင် ငွေကျပ် (၂၀၀၀၀)နှုန်းဖြင့် ပေးအပ်သည့် ထောက်ပံ့ငွေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းနိုင်နှင့် တာဝန်ရှိသူများက ကာယကံရှင်များထံသို့လည်းကောင်း၊ သက်ဆိုင်ရာ ကျေးရွာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများထံသို့လည်းကောင်း လွှဲပြောင်းပေးအပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ကွန်ဟိန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ယာယီနေရပ်စွန့်ခွာပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။

ကာလိ(ပြန်/ဆက်)