ပင်းတယ ဖေဖော်ဝါရီ ၁၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် တမဲကျေးရွာနှင့် အင်းပက်လက်ကျေးရွာချင်းဆက်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့်ပတ်သက်၍ ယမန်နေ့က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်ဝေဝေလွင်ဖြိုး၊ ဦးစီအရာရှိ(မြို့ပြ) ဒေါ်တင်တင်ထွေးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ တမဲကျေးရွာနှင့်အင်းပက်လက်ကျေးရွာချင်းဆက်လမ်း ကတ္တရာလမ်းအရှည်မှာ (၀/၄ မိုင်)၊ အကျယ် (၁၂)ပေ၊ ဒု ၉ လက်မရှိပြီး သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေ (၁၄၈ ဒသမ ၄၉၉) ကျပ်သန်းဖြင့် lM Group ကုမ္ပဏီက တာဝန်ယူဆောင်ရွက်ခဲ့ပြီး လမ်းပြီးစီးမှုမှာ ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)