ဆီဆိုင်မြို့နယ်၌ နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားပေးမည်
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးပြီး ပညာရေးဌာနတို့ ပူးပေါင်း၍ နွေရာသီအားကစားသင်တန်းများကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှ စတင်၍ မြို့နယ်ရှိ အားကစားကွင်း၊ ခန်းမ၊ အ.ထ.ကကျောင်းနှင့် ကျေးရွာအားကစားကွင်းများတွင် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။