ကျိုင်းတုံ ဖေဖော်ဝါရီ ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့(ကျိုင်းတုံ)မှ ကြီးမှူးဖွင့်လှစ်သည့် ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းခွင်(မွမ်းမံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၅)ဖွင့်ပွဲကို ယမန်နေ့က ကျိုင်းတုံခရိုင် ရဲတပ်ဖွဲ့မှူးရုံးတွင် ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး(ကျိုင်းတုံ) ရဲမှူးကြီးသန့်ဇင်က ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းများ သိရှိစေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်းနှင့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းက ပို့ချလေ့ကျင့်ပေးသည့် သင်ခန်းစာများကို လက်တွေ့လုပ်ငန်းခွင်တွင် အသုံးပြုနိုင်ရေး အလေးအနက်ထား မှတ်သားလေ့လာကြရန် အမှာစကားပြောကြားခဲ့သည်။
သင်တန်းသို့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးများမှ စာရေးဝန်ထမ်း သင်တန်းသား၊ သင်တန်းသူ ၁၅ ဦး တက်ရောက်ပြီး ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၁ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)