နမ့်စန်မြို့နယ်တွင် မီးဘေးလုံခြုံရေးအထူးကျွမ်းကျင်မှု ဆင့်ပွားသင်တန်း(၁/၂၀၂၅)ဖွင့်လှစ်
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မီးဘေးလုံခြုံရေးအထူးကျွမ်းကျင်မှု ဆင့်ပွားသင်တန်း(Fire Safety Specialist Course) (၁/၂၀၂၅)ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနခန်းမတွင် ဆောင်ရွက်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးတင်ကျော်ဝင်းနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ လွိုင်လင်ခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဝင်းနှင့်တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများတက်ရောက်ခဲ့ကြသည်။