ရှမ်းပြည်နယ်

မိုင်းရှူးမြို့နယ်၊ ဟံသာမုနိဘုရားကြီးကျောင်း၌ ရှင်သာမဏေ(၅၀၄)ပါးအား ဆုနှင်းသဘင်ချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ၁၃၈၅ ခုနှစ် (၃၂)ကြိမ်မြောက်၊ ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလစာပွဲတော်တွင် အောင်မြင်ခဲ့သော ရှင်သာမဏေ (၅၀၄)ပါးအား  ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းတည့်(၁၂)နာရီအချိန်က ဟံသာမုနိဘုရားကြီးကျောင်းတိုက်၌ ကျင်းပခဲ့သည်။

ပင်းတယမြို့နယ်တွင် ကျေးရွာနေပြည်သူများထံ “ကျေးရွာမြေငှားဂရန်ပေးအပ်ပွဲ” အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ကျုံးကျေးရွာအုပ်စု၊ ကျုံးမွေတော်ဘုန်းကြီးကျောင်း၌ ယနေ့နံနက် ၁၀ နာရီက ကျေးရွာမြေငှားဂရန်ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟိုပုံးမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် အ.ထ.က (၂) ကျောင်း၌ မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာဖြေခန်းများ၌ မီးဘေးအန္တရာယ်ကင်ရှင်းစေရေး ရည်ရွယ်၍ မီးဘေးလုံခြုံရေးစစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်သည်။

ဟိုပုံးမြို့နယ် စအွန်ကျေးရွာရှိ လင်းရောင်ခြည်စာကြည့်တိုက် ရှင်သန်ခိုင်မာစေရေး စာကြည့်တိုက်ကော်မတီဝင်များနှင့် တွေ့ဆုံ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် စငေါကျေးရွာအုပ်စု၊ စအွန်ကျေးရွာရှိ လင်းရောင်ခြည်စာကြည့်တိုက် ရှင်သန်ခိုင်မာစေရေး စာကြည့်တိုက်ကော်မတီဝင်များနှင့် တွေ့ဆုံခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

မိုင်းခုတ်မြို့၊ အမှတ်(၂)ရပ်ကွက်၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာ​စောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို  ၉ နာရီ ၃၀ မိနစ်အချိန်က အမှတ်(၂)ရပ်ကွက်အတွင်းသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မိုးနဲမြို့၌ နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားမည်

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင် မိုးနဲမြို့နယ်၌ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနက ကြီးမှူး၍ နွေရာသီအခြေခံအားကစားသင်တန်းများကို ပေါ့မိုင်းရပ်ကွက်ရှိ မြို့နယ်ပြည်သူ့အားကစားကွင်းနှင့် မိုးလုံလေလုံအားကစားရုံနေရာတို့တွင် ဖေဖော်ဝါရီ ၂၈ ရက်မှစတင်၍ မတ်လ ၂၄ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တန့်ယန်းမြို့နယ်တွင် (၂၅)ကြိမ်မြောက် ငွေရတုဗုဒ္ဓပူဇနိယဝင်္ကဘာပွဲတော် ကျင်းပနိုင်ရန်ဆွေးနွေး

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ် အမှတ်(၂) ရပ်ကွက် ဝေဠုဝန်ပရိယတ္တိစာသင်တိုက်၌ (၂၅)ကြိမ်မြောက် ငွေရတုဗုဒ္ဓပူဇနိယဝင်္ကဘာပွဲတော်ကျင်းပနိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပခဲ့သည်။

တန့်ယန်းမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများထုတ်ပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေကို မြန်မာ့စီးပွားရေးဘဏ်မှ ထုတ်ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းမှ စတင်၍ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများက လာရောက်ထုတ်ယူနေလျက်ရှိသည်။

တန့်ယန်းမြို့နယ်တွင် ချေးငွေအာမခံစနစ်အကြောင်း စီးပွားရေးလုပ်ငန်းရှင်များအား အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ချေးငွေအာမခံစနစ်(CGI- Credit Guarantee Insurance)အကြောင်း MSME စီးပွားရေးလုပ်ငန်းရှင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကွန်ဟိန်းမြို့၌ အငြိမ်းစားဝန်ထမ်း ပင်စင်လစာငွေများ ထုတ်ပေး

ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် ၈ နာရီ ၃၀ မိနစ်အချိန်ခန့်က စတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်