နမ့်စန်မြို့နယ်တွင် မီးဘေးလုံခြုံရေးအထူးကျွမ်းကျင်မှု ဆင့်ပွားသင်တန်း(၁/၂၀၂၅)ဖွင့်လှစ်

နမ့်စန်(တ) ဖေဖော်ဝါရီ ၂၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မီးဘေးလုံခြုံရေးအထူးကျွမ်းကျင်မှု ဆင့်ပွားသင်တန်း(Fire Safety Specialist Course) (၁/၂၀၂၅)ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနခန်းမတွင် ဆောင်ရွက်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးတင်ကျော်ဝင်းနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ လွိုင်လင်ခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဝင်းနှင့်တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်းက သင်တန်းဖွင့်မိန့်ခွန်းနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ သင်တန်းကို ဖေဖော်ဝါရီ ၂၃ ရက်နေ့အထိ ဖွင့်လှစ်၍ မီးဘေးလုံခြုံရေးဆိုင်ရာများနှင့် လျှပ်စစ်သုံးယာဉ်(EV)မီးဘေးလုံခြုံရေးနှင့် ရှာဖွေကယ်ဆယ်ရေးစသည့် ဘာသာရပ်များကို သင်ကြားပို့ချသွားမည်ဖြစ်ပြီး လွိုင်လင်ခရိုင်နှင့် နမ့်စန်ခရိုင်အတွင်းရှိ မြို့နယ်များမှ မြို့နယ်မီးသတ်ဦးစီးမှူးများနှင့် လက်ထောက်မီးသတ်ဦးစီးမှူးများ စုစုပေါင်း(၁၆)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

သူရအောင်(နမ့်စန်)