နမ့်စန်မြို့ အမှတ်(၅)ကျေးရွာတွင် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြော၍ မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြလေ့ကျင့်မှု ဆောင်ရွက်
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနက ဆောင်ရွက်သော မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်မှု လက်တွေ့သရုပ်ပြခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အမှတ် (၅) ကျေးရွာအုပ်စု၊ အမှတ် (၅) ကျေးရွာဓမ္မာရုံတွင် ဆောင်ရွက်ခဲ့ရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးတင်ကိုကို၊ ကျေးရွာတာဝန်ခံ ဦးဝင်းရွှေနှင့် ကျေးရွာသူ၊ ကျေးရွာသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။