သူနာပြုနှင့် သားဖွားသင်တန်းကျောင်း၊ လားရှိုးမောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပ

တောင်ကြီး ဖေဖော်ဝါရီ ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း (လားရှိုး)အပတ်စဉ် (၃၃)၊ ပထမနှစ်သူနာပြု - သားဖွားဒီပလိုမာ သင်တန်းသား၊ သင်တန်းသူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က တောင်ကြီးမြို့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(လားရှိုး)၊(စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ)  ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းညွန့်ဦးက အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(လားရှိုး)မှ ဒုတိယကျောင်းအုပ်ကြီး၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်ဟေမာစိုးဝင်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး သူနာပြုနှင့်သားဖွားသင်တန်းကျောင်း (လားရှိုး)၊ ပထမနှစ် မောင်မယ်သစ်လွင် သင်တန်းသား/ သင်တန်းသူများက တစ်ဦးချင်းမိတ်ဆက်စကား ပြောကြားသည်။

ယင်းနောက် သူနာပြုနှင့်သားဖွားသင်တန်းကျောင်း (လားရှိုး)၊ တတိယနှစ် သင်တန်းသား/ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး သူနာပြုနှင့် သားဖွားသင်တန်းကျောင်း(လားရှိုး)မှ သင်တန်းသား/ သင်တန်းသူများက အက၊ အလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

အခမ်းအနားသို့ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၊ ဒေါက်တာ ထွန်းညွန့်ဦး  ဒုတိယကျောင်းအုပ်ကြီး၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်ဟေမာစိုးဝင်း၊ စီမံ/ ဘဏ္ဍာဌာန၊ သင်တန်းရေးရာဌာနမှ ဆရာ/ ဆရာမများ၊ မောင်မယ်သစ်လွင် ကျောင်းသား/ ကျောင်းသူများနှင့် ပထမနှစ်ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

စိုင်းသန်းကျော်(ပြန်/ဆက်)