တောင်ကြီး ဖေဖော်ဝါရီ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း (လားရှိုး) အပတ်စဉ် (၃၃)၊ ပထမနှစ် သူနာပြု - သားဖွားဒီပလိုမာ သင်တန်းသားသင်တန်းသူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၉ နာရီ အချိန်က တောင်ကြီးမြို့ သူနာပြုနှင့်သားဖွား သင်တန်းကျောင်း၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(လားရှိုး)၊ (စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ) ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ထွန်းညွန့်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် သူနာပြုနှင့်သားဖွားသင်တန်းကျောင်း (လားရှိုး)မှ ဒုတိယကျောင်းအုပ်ကြီး၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်ဟေမာစိုးဝင်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး သူနာပြုနှင့်သားဖွားသင်တန်းကျောင်း (လားရှိုး)၊ ပထမနှစ် မောင်မယ်သစ်လွင် သင်တန်း သား/ သင်တန်းသူများကတစ်ဦးချင်းမိတ်ဆက်စကားပြောကြားသည်။
ယင်းနောက် သူနာပြုနှင့်သားဖွားသင်တန်းကျောင်း (လားရှိုး)၊ တတိယနှစ် သင်တန်းသား/သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးကကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး သူနာပြုနှင့် သားဖွားသင်တန်းကျောင်း(လားရှိုး)မှ သင်တန်းသား/သင်တန်းသူများက အက၊ အလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
အခမ်းအနားသို့ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၊ ဒေါက်တာ ထွန်းညွန့်ဦး ဒုတိယကျောင်းအုပ်ကြီး၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်ဟေမာစိုးဝင်း၊ စီမံ/ဘဏ္ဍာဌာန၊ သင်တန်းရေးရာဌာနမှ ဆရာ/ဆရာမများ၊ မောင်မယ်သစ်လွင် ကျောင်းသား/ကျောင်းသူများနှင့် ပထမနှစ်ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)