ဟိုပုံးတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ (၃၆၃) ဦး ဝင်ရောက်ဖြေဆိုမည်

ဟိုပုံး ဖေဖော်ဝါရီ ၂၄

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်  တက္ကသိုလ်ဝင်စာမေးပွဲကို စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၃၆၃) ဦး ဝင်ရောက် ဖြေဆိုမည်ဖြစ်ပြီး စာမေးပွဲအား မတ်လ (၁၇) ရက်နေ့မှ (၂၂) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဟိုပုံးမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၈) ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်းခွဲ (၃) ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း (၁) ကျောင်း၊ စုစုပေါင်း အခြေခံပညာအထက်တန်းကျောင်း (၁၂) ကျောင်းရှိပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန တစ်ခုတည်းဖြင့် ကျင်းပမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ ဘာသာတွဲ (၁) တွင် အတွင်းဖြေ (၂၉၅) ဦး၊ ပြင်ပဖြေ (၆၃) ဦး၊ ဘာသာတွဲ (၂) တွင် အတွင်းဖြေ (၂) ဦး၊ ပြင်ပဖြေ (၃) ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၃၆၃) ဦးဝင်ရောက် ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)