မိုးနဲမြို့နယ်၌ မီးခိုးမြူငွေ့လျှော့ချရေး အသိပညာပေးခြင်း ကွင်းဆင်းဆောင်ရွက်

မိုးနဲ ဖေဖော်ဝါရီ ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ မီးခိုးမြူငွေ့လျှော့ချရေး အသိပညာပေးပောာ‌ပြောခြင်းကို ယနေ့နံနက် ၉ နာရီအချိန်တွင် တာဝန်ရှိသူများက ပေါ့မိုင်းရပ်ကွက် ချမ်းသာကြီး ဘုန်းတော်ကြီးကျောင်း‌နေရာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပညာပေးဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်‌မြေစာရင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပူး‌ပေါင်းအဖွဲ့က တောမီးကြောင့် သဘာဝပတ်ဝန်းကျင်၊ စိုက်ပျိုးမြေများ၊ ပြည်သူပိုင်ပစ္စည်းများ ပျက်စီဆုံးရှုံးမှု မဖြစ်ပေါ်စေရေးနှင့် မီးခိုးမြူငွေ့ဖြစ်ပေါ်သည့် အဓိကအကြောင်းအရင်းများ၊ မီးခိုးမြူငွေ့များတွင်ပါဝင်သော လေထုညစ်ညမ်းစေသည့်အရာများ၊ မီးခိုးမြူငွေ့များကြောင့် လေထုညစ်ညမ်း၍ ဖြစ်ပွားစေနိုင်သော ကျန်းမာရေးဆိုင်ရာဆိုးကျိုးများ၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးလုပ်ငန်းစဉ်များကိုလည်းကောင်း အသီးသီးအသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)